အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ရှမ်းပြည်နယ်အစိုးရအဖွဲ့က FIFA-MFF U-17 YOUTH LEAGUE 2024 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ချန်ပီယံဆုရရှိခဲ့သော SHAN FC အသင်းအားဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

တောင်ကြီးမြို့၊ ဇူလိုင်လ(၁၄)ရက်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်က FIFA-MFF U-17 YOUTH LEAGUE 2024 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ချန်ပီယံဆုရရှိခဲ့သော SHAN FC အသင်းအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် အားကစားသမားများ ဂုဏ်ပြုချီးမြှင့်သည့်အခမ်းအနားကို (၁၄.၇.၂၀၂၄)ရက်နေ့ နေ့လယ်(၁၁း၀၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ် ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးနေဝင်းအောင် ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း ၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးမြာ၊ ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးစိုးလင်း၊ ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့များ ၊ပြည်နယ် / ခရိုင် / မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ ၊ အုပ်ချုပ်သူ/နည်းပြများ ၊ အလှူရှင်များနှင့် ပြိုင်ပွဲဝင်ဆုရအားကစားသမားများမှ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ဂုဏ်ပြုထိုက်သူများကို ဂုဏ်ပြုချီးမြှင့်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါတယ် ယနေ့ကျင်းပပြုလုပ်တဲ့ ဂုဏ်ပြုပွဲအခမ်းအနားကတော့ အင်မတန်မှကျက်သရေမင်္ဂလာရှိတဲ့ပွဲဖြစ်တာနဲ့အညီ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရှမ်းပြည်နယ်ဂုဏ်ဆောင်ခဲ့သော FIFA-MFF U-17 YOUTH LEAGUE ချန်ပီယံ SHAN FC အသင်းအားထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်ပါကြောင်း၊ “ အားကစားမြှင့်တင် တည်ဆောက်ခြင်းသည် နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်နေခြင်းဖြစ်သည် ၊ အားကစားအောင်မြင်မှုသည် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုကို ရောင်ပြန်ဟပ်စေသည် ၊ အားကစားတိုးတက်မြင့်မားခြင်းသည် နိုင်ငံတော်၏ ဂုဏ်သိက္ခာအဆင့်အတန်းနှင့်အခြေအနေကို ဖော်ပြသည်” ဆိုသည့် ဆောင်ပုဒ်များအတိုင်း ရှမ်းပြည်နယ်ကိုယ်စားပြု FIFA-MFF U-17 YOUTH LEAGUE 2023-2024 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် SHAN FC U-17 ဘောလုံးအသင်းမှ ချန်ပီယံဆုဖလား ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ခြင်းကြောင့် ရှမ်းပြည်နယ်ရဲ့ အားကစားဖွံ့ဖြိုးတိုးတက်မှုနှင့် ဂုဏ်သိက္ခာအဆင့်အတန်းမြင့်မားမှုတို့ကို ထင်ဟပ်စေခဲ့ပါကြောင်း ၊ ၂၉.၁၂.၂၀၂၄ ရက်နေ့မှ ၁၀.၇.၂၀၂၄ ရက်နေ့ထိ (၇)လအကြာကျင်းပခဲ့သည့် 2023-2024 FIFA – MFF U 17 Youth League ပြိုင်ပွဲဝင် SHAN FC ဘောလုံးအသင်းဟာဆိုရင် အမှတ်ပေးဘောလုံးပြိုင်ပွဲ နောက်ဆုံးပွဲမတိုင်မီအထိ RAKHINE UNITED FC အသင်းက ၅၄ မှတ်၊ SHAN FC အသင်းက ၅၃ မှတ်ဖြင့် အကြိတ်အနယ် ဖြစ်နေရာမှ နောက်ဆုံးပွဲစဥ်အဖြစ် ၁၀.၇.၂၀၂၄ ရက်နေ့ညနေ(၁၆း၀၀)နာရီအချိန်တွင် ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးအားကစားကွင်း အတွင်း၌ ယှဥ်ပြိုင်ကစားခဲ့ကြရာ SHAN FC အသင်းမှ RAKHINE United Fc အသင်းကို ပွဲချိန်ပြီးဆုံးချိန်တွင် ၂ ဂိုး/ဂိုးမရှိ ရလဒ်ဖြင့် SHAN FC အသင်းက အနိုင်ရရှိခဲ့ပြီး FIFA – MFF U 17 Youth League ရဲ့ အမှတ်ပေးချန်ပီယံဆုဖလားကြီးကို ထိုက်ထိုက်တန်တန်ဆွတ်ခူးရရှိခဲ့တဲ့အတွက် ရှမ်းပြည်နယ်အတွင်းနေထိုင်ကြတဲ့မိဘပြည်သူများအားလုံး ကိုယ်စားလှိုက်လှိုက်လှဲလှဲ ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း ၊ ဒီလိုအောင်မြင်မှုတွေ ရရှိနိုင်ခဲ့တာကလည်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ရဲ့ အားပေးထောက်ပံ့မှုသာမကဘဲ ယခုဂုဏ်ပြုချီးမြှင့်ပွဲကို တက်ရောက်လာကြတဲ့ ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ အလှူရှင်များ၊ ဘောလုံးအားကစားဝါသနာရှင်များ ၊ အသင်းအုပ်ချုပ်သူ/နည်းပြများ ၊ အားကစားသမားများနှင့် ကိုယ်ရောစိတ်ပါလိုက်ပါအားပေးကြသော မိဘပြည်သူများမှ ရှမ်းပြည်နယ်အလံရဲ့အောက်မှာ တစ်စိတ်တစ်ဝမ်းတည်း ညီညီညွှတ်ညွှတ် ကြိုးစားခဲ့လို့ဆိုတာကိုတွေ့ရှိရမှာဖြစ်ပြီး ယခုရရှိထားသည့်အောင်မြင်မှုတွင် ရပ်တန့်မနေဘဲ နောင်လာမည့်ပြိုင်ပွဲများမှာလည်း ယခုထက်ပိုမို အောင်မြင်အောင်စွမ်းဆောင်ပြီး ပြည်နယ်နှင့်နိုင်ငံရဲ့ဂုဏ်ကို အားကစားဖြင့် ဆထက် ထမ်းပိုးတိုး၍ မြှင့်တင်နိုင်ကြစေလိုပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရှမ်းပြည်နယ်ရဲ့အားကစားအဆင့်အတန်းမြင့်မားလာစေရန်အတွက် ဘက်ပေါင်းစုံကနေ အမြဲတမ်းအားပေး ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသွားကာ SHAN FC အသင်းမှ အသင်းနည်းပြချုပ် ၊ အသင်းအုပ်ချုပ်သူ နှင့် အသင်းခေါင်းဆောင်တို့က ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်ထံသို့ ယခုနှစ်ရဲ့ ချန်ပီယံဆုဖလားကြီးအား အပ်နှံခဲ့ကာ ဂုဏ်ပြုချီးမြှင့်ငွေများကိုဆက်လက်ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်(၅၀)သိန်းနှင့် အလှူရှင်များမှ ဂုဏ်ပြုချီးမြှင့် ငွေများအား ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။

ဆက်လက်ပြီး SHAN FC အသင်းနည်းပြချုပ်က ကျေးဇူးတင်စကားပြန်လည်ပြောကြားသွားခဲ့ကာပြည်နယ်ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသူများနှင့် အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးကာ ဂုဏ်ပြုနေ့လည်စာစားပွဲနှင့် ကာလပေါ်တေးဂီတများဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိခဲ့ရပါသည်။