အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ရုရှားနိုင်ငံ နိုင်ငံတကာ ယဉ်ကျေးမှုနှင့်နဂါးလှေလှော်ပြိုင်ပွဲတွင် ရွှေတံဆိပ်(၂)ဆုရရှိသော မြန်မာ့လက်ရွေးစင်နဂါးလှေလှော်အသင်းအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ

ရန်ကုန်၊ ဇူလိုင် (၁၀)။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Barnaul မြို့တွင် ၂၀၂၄ ခုနှစ်၊ ဇွန် ၂၈ ရက်နေ့မှ ဇူလိုင် ၁ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတကာယဉ်ကျေးမှုနှင့် နဂါးလှေ‌လှော်ပြိုင်ပွဲတွင် ရွှေတံဆိပ်နှစ်ဆုရရှိသော မြန်မာ့လက်ရွေးစင်နဂါးလှေလှော်အသင်းအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ အင်းယားကန်ရှိ၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဌ ဦးသောင်းထိုက်မင်း၊ ဒုတိယဥက္ကဌများဖြစ်ကြ‌သ့ ဦးမျိုးဆွေသိမ်း၊ ဦးဇော်ဝိတ်၊ ဦးထွန်းဦး၊ ဦးအုန်းမြင့်၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ၊ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း၊ မြန်မာနိင်ငံလှေလှော်အဖွဲ့ချုပ်မှအလုပ်အမှုဆောင်များနှင့် ဆုရအားကစားသမားများတက်ရောက်ကြသည်။

ရှေးဦးစွာ မြန်မာနိင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဌ ဦးသောင်းထိုက်မင်းက ပြိုင်ပွဲဆိုင်ရာနှင့် ဆုချီးမြှင့်ခြင်းဆိုင်ရာများအား ရှင်းလင်းပြောကြားခဲ့ပြီး Jewellery Luck Group of Companies မှ ဆုရအားကစားသမားများအား ရွှေတစ်ဆုလျှင် ငွေကျပ် သိန်း(၆၀) စီကိုလည်းကောင်း၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဌက နည်းပြနှင့် အုပ်ချုပ်သူများအား တစ်ဦးလျှင် ငွေကျပ် (၁၀)သိန်းစီကိုလည်းကောင်း စုစုပေါင်း ဂုဏ်ပြုဆု‌ငွေကျပ်သိန်း(၁၄၀)များကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ Jewellery Luck Group of Companies မှ ဒုတိယဥက္ကဌ ဦးသန်းထွန်းက ဂုဏ်ပြုအမှာစကားပြောကြားပြီး ဆုရအားကစားသမားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ဆုချီးမြှင့်ပွဲကိုရုပ်သိမ်းခဲ့သည်။

အခမ်းအနားအပြီးတွင် ကစားသမားများနှင့် ဧည့်သည်တော်များအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

မြန်မာလှေလှော်အားကစားအဖွဲ့သည် အဆိုပါနိုင်ငံတကာယဉ်ကျေးမှုနှင့်နဂါးလှေပြိုင်ပွဲ မီတာ ၂၀၀ အမျိုးသား(၁၀) တက်လှော်ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု၊ မီတာ ၅၀၀ အမျိုးသား(၁၀)တက်လှော်ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခုဆွတ်ခူးရရှိခဲ့သည်။ ပြိုင်ပွဲတွင် မလေးရှား၊ အိန္ဒိယ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ဉဇဘတ်ကစ္စတန်၊ မြန်မာနှင့် အိမ်ရှင်ရုရှားနိုင်ငံတို့ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး မြန်မာအသင်းက ရွှေတံဆိပ်နှစ်ခုဖြင့် နိုင်ငံအဆင့်ပထမရရှိခဲ့ကြောင်း သိရသည်။