အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက်အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဥ်ပြိုင်မည့် ရှမ်းပြည်နယ်အားကစားအသင်းများ အောင်မြင်မှုရရှိစေရေးအတွက် ကော်မတီဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တောင်ကြီး ၊ ဇူလိုင် ၃။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် မှ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက်အမျိုးသားအားကစားပွဲတော်သို့ ရှမ်းပြည်နယ်အားကစားအသင်း ဝင်ရောက်ယှဥ်ပြိုင်နိုင်ရေး နှင့် အောင်မြင်မှုရရှိနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ (၁၄း၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး၏ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအစည်းအဝေးသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ သက်ဆိုင်ရာအားကစားနည်းအလိုက်ဆပ်ကော်မတီအဖွဲ့ဝင်များက တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၄ ခုနှစ် ၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကို ပြည်နယ်အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန် ၊ ပြည်နယ် နှင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အဆင့်မီအားကစားသမားများနှင့် အလားအလာရှိသော လူငယ်မျိုးဆက်သစ်အားကစားသမားများပေါ်ထွက်လာစေရန် ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများ နှင့် ဝန်ကြီးဌာနများအကြား အချင်းချင်းချစ်ကြည်ရင်းနှီးမှုရရှိပြီး အားကစားလှုပ်ရှားမှုများပိုမိုတိုးမြှင့်ဆောင်ရွက်လာနိုင်စေရန် ၊ ပြည်သူတစ်ရပ်လုံးအားကစားကို ပိုမိုစိတ်ပါဝင်စားလာပြီး အားကစားလှုပ်ရှားမှုများတွင် ပါဝင်လှုပ်ရှားကစားလာစေရန်စတဲ့ ရည်ရွယ်ချက်များစွာဖြင့် ကျင်းပပြုလုပ်ပေးဖို့ စီစဥ်ဆောင်ရွက်လျက်ရှိပါကြောင်း ၊ ရှမ်းပြည်နယ်အနေဖြင့် အားကစားနည်း(၂၃)နည်းလုံး ဝင်ရောက်ယှဥ်ပြိုင်မှာဖြစ်သလို ယခင်နှစ်များထက် ဆုတံဆိပ်များ ပိုမိုရရှိစေဖို့နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် တိုးတက်ရရှိစေဖို့ ဝိုင်းဝန်းကြိုးစားကြရမှာဖြစ်ပါကြောင်း နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ အနေနဲ့လည်း ရှမ်းပြည်နယ်အသင်း အောင်မြင်မှုရရှိစေရေးအတွက် ဝိုင်းဝန်းကြိုးပမ်းပေးပြီး လိုအပ်ချက်များနှင့် ထောက်ပံ့မှုများ ရရှိနိုင်ရေး အချိန်မီဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာဖြစ်သလို သက်ဆိုင်ရာဆပ်ကော်မတီအသီးသီးကလည်း မိမိတို့ဖြတ်သန်းလာတဲ့အတွေ့အကြုံ ဗဟုသုတများနဲ့ ပေါင်းစပ်ပြီး အားကစားနည်းများအလိုက် ဝိုင်းဝန်းဆွေးနွေးအကြံဉာဏ်များပေးနိုင်ကြဖို့ဖိတ်ခေါ်အပ်ပါကြောင်း ပြောကြားသွားခဲ့ပါသည်။

ဆက်လက်ပြီး ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း က ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ရှမ်းပြည်နယ်မှ ဝင်ရောက်ယှဥ်ပြိုင်နိုင်ရေးနှင့် အောင်နိုင်ရေးစီမံချက်များကို တင်ပြသွားပြီး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို တင်ပြသွားကာထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ပဉ္စမအကြိမ်မြောက်အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဥ်ပြိုင်နိုင်ရေးအတွက် နည်းပြများ ၊ လုပ်ငန်းကော်မတီနှင့် ကဏ္ဍအလိုက်ကော်မတီများ၊ လုပ်ငန်းတာဝန်များ၊ ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များ၊ စခန်းသွင်းလေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များ ၊ တည်းခိုနေထိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်ပြီး ဆွေးနွေးတင်ပြခဲ့ကာ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က လိုအပ်သည်များကို ဖြည့်စွက်ပြောကြားသွားကာ အစည်းအဝေးကို ညနေ(၁၅း၀၀)နာရီအချိန်တွင် ရုတ်သိမ်းသွားခဲ့ကြောင်းသိရှိရပါသည်။