အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အိုလံပစ်နေ့အထိမ်းအမှတ် လမ်းလျှောက်ပွဲနှင့်အားကစားပြိုင်ပွဲများကျင်းပ

နေပြည်တော်၊ ဇွန်(၂၆)။

(၃၃)ကြိမ်မြောက်အိုလံပစ်နေ့အထိမ်းအမှတ် လမ်းလျှောက်ပွဲနှင့်အားကစားပြိုင်ပွဲများကို ယနေ့နံနက်(၆)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက သေနတ်ပစ်ဖောက်၍ စတင်တာလွတ်ပေးခဲ့ပြီးနောက် စုပေါင်းလမ်းလျှောက်ခဲ့သည်။

ဆက်လက်ပြီး ပြေးခုန်ပစ်(အမျိုးသား/အမျိုးသမီး) မီတာ(၁၀၀၊ ၂၀၀၊ ၄၀၀၊ ၈၀၀ နှင့် ၁၀၀ x ၄ လက်ဆင့်ကမ်း)အပြေးပြိုင်ပွဲများကို ကျင်းပခဲ့ရာ Gold Camp နှင့် Youth Camp မှ အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီးနောက် အားကစားပြိုင်ပွဲများတွင် ဆုရရှိခဲ့သူများကို မြန်မာနိုင်ငံအိုလံပစ် ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်နှင့် တာဝန်ရှိသူများက အမှတ်တရဆုများ အသီးသီးပေးအပ်ခဲ့ပြီးနောက် ဉာဏ်စမ်းမေးခွန်း မေးမြန်းဖြေကြားခြင်းများပြုလုပ်ခဲ့ပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

အဆိုပါ အိုလံပစ်နေ့အထိမ်းအမှတ် လမ်းလျှောက်ပွဲနှင့်အားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံအိုလံပစ် ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများနှင့်ဝန်ထမ်းများ၊ Gold Camp နှင့် Youth Camp မှ အားကစားသမားများနှင့် အုပ်ချုပ်/နည်းပြများ ပျော်ပျော်ပါးပါးပါဝင်ဆင်နွှဲခဲ့ကြောင်းသိရသည်။