အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ် အိုလံပစ်နေ့အထိမ်းအမှတ် ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲကျင်းပ

ရန်ကုန် ဇွန်လ(၂၂)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်တို့ကြီးမှုးကျင်းပသော ၂၀၂၄ ခုနှစ် အိုလံပစ်နေ့အထိမ်းအမှတ်ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ (OLYMPIC DAY MOVEMENT 2024 BODY BUILDING AND PHYSIQUE SPORT COMPETITION )ကို ဇွန် ၂၂ ရက်နေ့နံနက် ၁၀ နာရီမှ စတင်၍ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓ္ဓမလမ်းရှိ မြန်မာကွန်ဗီးရှင်းစင်တာ(MCC)ခန်းမ၌ ကျင်းပသည်။

အဆိုပါပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ(ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်သန်းနှင့်အမှုဆောင်များ တိုင်း/ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ပြိုင်ပွဲကိုအမျိုးသား အငယ်တန်းကာယဗလ မောင်ပြိုင်ပွဲ ၊ သက်ကြီးတန်းကာယဗလမောင်ပြိုင်ပွဲ(အသက် ၄၅ နှစ် မှ ၊အသက် ၆၀ နှစ်အထိ) ၊ အမျိုးသားအလွတ်တန်းကာယဗလမောင်ပြိုင်ပွဲ ၇၀ ကီလိုတန်း အထက်ပြိုင်ပွဲ ၊ အမျိုးသား Athletic Physique (အငယ်တန်း)ပြိုင်ပွဲ ၊ အမျိုးသား Athletic Physique (အကြီးတန်း)ပြိုင်ပွဲ ၊ အမျိုးသား Sport Physique (အငယ်တန်း)ပြိုင်ပွဲ ၊ အမျိုးသားSport Physique (အကြီးတန်း)ပြိုင်ပွဲ ၊ အမျိုးသား Fitness Physique ပြိုင်ပွဲ ၊ အမျိုးသမီး Model Physique (အငယ်တန်း)ပြိုင်ပွဲ ၊ အကြီးတန်းပြိုင်ပွဲ အမျိုးသမီး Model Physique ၊ ( အငယ်တန်း)ပြိုင်ပွဲ အမျိုးသမီး Fitness Physique ပြိုင်ပွဲများကျင်းပသည်။

ထို့နောက်ပဏာမရွေးချယ်ခံရသော အားကစားသမားများမှ သတ်မှတ်ကိုယ်ဟန်ခုနှစ်မျိုးဖြင့် နောက်ခံတေးဂီတနှင့်အတူကျစ်လစ်ခိုင်မာသော ကိုယ်ခန္ဓာအချိုးအစားများကို လှစ်ထုတ်ပြသယှဉ်ပြိုင်ကြသည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ အမျိုးသား အငယ်တန်းကာယဗလမောင်ပြိုင်ပွဲ သက်ကြီးတန်း ကာယဗလမောင်ပြိုင်ပွဲ(အသက် ၄၅ နှစ်မှ ၊ အသက် ၆၀ နှစ်အထိ ) အမျိုးသားအလွတ်တန်းကာယဗလမောင်ပြိုင်ပွဲ ၇၀ ကီလိုတန်း အထက်ပြိုင်ပွဲ အမျိုးသား Athletic Physique (အငယ်တန်း)ပြိုင်ပွဲ အမျိုးသား Athletic Physique (အကြီးတန်း) ပြိုင်ပွဲ အမျိုးသား Sport Physique (အငယ်တန်း)ပြိုင်ပွဲ အမျိုးသား Sport Physique (အကြီးတန်း)ပြိုင်ပွဲ အမျိုးသား Fitness Physique ပြိုင်ပွဲ အမျိုးသမီး Model Physique (အငယ်တန်း)ပြိုင်ပွဲ အကြီးတန်းပြိုင်ပွဲ အမျိုးသမီး Model Physique (အငယ်တန်း)ပြိုင်ပွဲ အမျိုးသမီး Fitness Physique ပြိုင်ပွဲများတွင် ပထမ ဒုတိယ တတိယနှင့် နှစ်သိမ့်ဆု ရရှိသူများအား ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးကော်မတီနာယက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ လူမှုရေးရာဝန်ကြီး ဦးဌေးအောင် စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင် လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးကျော်ကျော်စိုး မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီတို့က ဆုတံဆိပ်နှင့် ငွေသားဆုတို့ကို ချီးမြှင့်ပေးကြသည်။

ပြိုင်ပွဲဖြစ်မြောက်ရေးအတွက်ပံ့ပိုးကူညီ‌ပေးသော ကုမ္ပဏီအားဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ကြောင်းသိရသည်။