အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး)ဂျူဒိုပြိုင်ပွဲများ ဆက်လက်ကျင်းပ

နေပြည်တော်၊ ဇွန်(၅)။

ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးတွင်ရှိကြသည့် ဂျူဒိုအားကစားသမားများအချင်းချင်းချစ်ကြည် ရင်းနှီးမှုခိုင်မာလာစေရေး၊ မျိုးဆက်သစ် ဂျူဒိုအားကစားသမားများစွာ ပေါ်ထွက်လာစေရေးနှင့် ဂျူဒိုအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးတို့အတွက် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲကို ယနေ့နံနက် (၁၀)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပခဲ့သည်။

ယနေ့ ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (အမျိုးသား/အမျိုးသမီး) ဝိတ်တန်းအလိုက် အတိုက်ပြိုင်ပွဲများအား ယှဉ်ပြိုင်ကစားခဲ့ကြရာ အမျိုးသား(-၆၀)ကီလိုပြိုင်ပွဲတွင် နိုင်ဌေး(ရန်ကုန်တိုင်းဒေသကြီး)က ပထမ၊ နေဆန်း(တနင်္သာရီတိုင်းဒေသကြီး)က ဒုတိယ၊ က္ကုဇက်(ရခိုင်ပြည်နယ်)က တတိယ၊ အောင်နိုင်မိုး (ကယားပြည်နယ်)က ပူးတွဲတတိယ၊ အမျိုးသား(-၆၆)ကီလိုပြိုင်ပွဲတွင် လှိုင်မင်းခန့် (စစ်ကိုင်းတိုင်းဒေသကြီး) က ပထမ၊ ဝေလင်းထွေး(ဧရာဝတီတိုင်းဒေသကြီး)က ဒုတိယ၊ သီဟသော် (ရန်ကုန်တိုင်းဒေသကြီး)က တတိယ၊ မျိုးမြင့်မြတ်(ရှမ်းပြည်နယ်)က ပူးတွဲတတိယ၊ အမျိုးသား(-၇၃)ကီလိုပြိုင်ပွဲတွင် အောင်သန့်ကျော် (ဧရာဝတီတိုင်းဒေသကြီး)က ပထမ၊ ဖြိုးကိုကို(ရန်ကုန်တိုင်းဒေသကြီး)က ဒုတိယ၊ မျိုးလတ်အောင် (ကချင်ပြည်နယ်)က တတိယ၊ လင်းထက်ဦး(နေပြည်တော်)က ပူးတွဲတတိယ၊ အမျိုးသား(+၇၃)ကီလိုပြိုင်ပွဲ တွင် ကျော်ခန့်စိုး(ရန်ကုန်တိုင်းဒေသကြီး)က ပထမ၊ စထက်ဝေဖြိုး(ဧရာဝတီတိုင်းဒေသကြီး)က ဒုတိယ၊ ဇော်လင်းဖြိုး (စစ်ကိုင်းတိုင်းဒေသကြီး)က တတိယ၊ ခန့်ထူးနိုင်(ပဲခူးတိုင်းဒေသကြီး)က ပူးတွဲတတိယ၊ အမျိုးသမီး(-၄၈)ကီလိုပြိုင်ပွဲတွင် တင်ဇာမြင့် (ကချင်ပြည်နယ်)က ပထမ၊ နှင်းဝတ်မှုံလွင်(ဧရာဝတီတိုင်း ဒေသကြီး)က ဒုတိယ၊ နော်တေးဖာဖော(ကယားပြည်နယ်)က တတိယ၊ အေးချမ်းဖြိုး (မန္တလေးတိုင်း ဒေသကြီး)က ပူးတွဲတတိယ၊ အမျိုးသမီး(-၅၂)ကီလိုပြိုင်ပွဲတွင် မေဇင်ဖြိုး(ကချင်ပြည်နယ်)က ပထမ၊ စန္ဒာဝင်း (ချင်းပြည်နယ်)က ဒုတိယ၊ နော်မြတ်နိုးရွှေစင်(မွန်ပြည်နယ်)က တတိယ၊ ဆန်မိုင်းရာ (ရှမ်းပြည်နယ်)က ပူးတွဲတတိယ၊ အမျိုးသမီး(-၆၃)ကီလိုပြိုင်ပွဲတွင် ထက်ထက်လင်း (မန္တလေးတိုင်း ဒေသကြီး)က ပထမ၊ နှင်းမိုးပွင့်ဖြူ(ကရင်ပြည်နယ်)က ဒုတိယ၊ တွယ်တာမိုး(ကယားပြည်နယ်)က တတိယ၊ ဂျူးမြတ်ချယ်(ဧရာဝတီတိုင်းဒေသကြီး)က ပူးတွဲတတိယ၊ အမျိုးသမီး(+၆၃)ကီလိုပြိုင်ပွဲတွင် နန်းသဲနုနုစံ(ကရင်ပြည်နယ်)က ပထမ၊ ယွန်းဝတီစိုး(ရန်ကုန်တိုင်းဒေသကြီး)က ဒုတိယ၊ ဖရေးမြာသဲဦးဝေ (ကယားပြည်နယ်)က တတိယ၊ နန်းနုနုခေါင်(ရှမ်းပြည်နယ်)က ပူးတွဲတတိယဖြင့် အသီးသီးယှဉ်ပြိုင်အနိုင် ရရှိခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဇွန်လ (၆)ရက်နေ့ နံနက်(၉)နာရီမှ စတင်၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A)၌ ဂျူဒို (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များအား ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်၍ အားကစား ဝါသနာရှင်များအနေဖြင့် မည်သူမဆို အခဲ့မဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်းသိရသည်။