အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် *အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ” ကျင်းပ

ရန်ကုန်၊ မေ ၂၄။

ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် “ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ” ကို ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်တွင် မေ (၂၄) ရက် နေ့လယ် (၃) နာရီတွင် ကျင်းပသည်။

အခမ်းအနားကို မြန်မာ့အားကစား လက်ရွှေးစင်ဟောင်းများအသင်း ဥက္ကဋ္ဌ၊ မြန်မာ့အားကစား လက်ရွေးစင်ဟောင်းများ၊ ဖိတ်ကြားထားသူများ၊ တာဝန်ရှိသူများနှင့် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်မှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြန်မာ့အားကစား လက်ရွှေးစင်ဟောင်းများအသင်း ဥက္ကဋ္ဌ ဦးစိုးသိန်းမှ အမှာစကားပြောကြားသည်။ ဆက်လက်ပြီး မြန်မာ့အားကစား လက်ရွေးစင်ဟောင်းများအသင်းမှ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ရွှေတံဆိပ်များဆုရှင် အားကစားသမား ဝဏ္ဏကျော်ထင် ဒေါ်မာမာမင်း မှ အားကစားနှင့် လူငယ်များအကြောင်း ဟောပြောပို့ချသည်။ ထို့နောက် မြန်မာ့အားကစား လက်ရွှေးစင်ဟောင်းများအသင်းမှ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ရွှေတံဆိပ်များဆုရှင် ဂျူဒို အားကစားသမား ရဲမှူး ဒေါ်ကြည်ကြည်ဝေမှ အားကစားနှင့် လူငယ်များအကြောင်း ဟောပြောပို့ချသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ အတွင်းရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး (ကိုယ်စား) ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းခိုင်ထွန်း မှ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဦးထိန်လင်း ထံသို့ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပါသည်။

၎င်းနောက် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ အမျိုးသမီး ငယ်ရွယ်ကိုယ်စားလှယ် ဒေါ်ဖြူဖြူဥ မှ မြန်မာ့အားကစား လက်ရွှေးစင်ဟောင်းများအသင်း ဥက္ကဋ္ဌ ဦးစိုးသိန်း အား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဦးထိန်လင်း မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းပါသည်။