အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

တောင်ကြီး၊ မေလ(၂၃)ရက်။

၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများနှင့် ခရိုင်များ အလိုက် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေ(၁၅:၀၀) နာရီအချိန်တွင် တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် ၊ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင် ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးနေဝင်းအောင် ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း ၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးခွန်ရဲထွေး ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်စိုး ၊ ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးစိုးလင်း ၊ ပြည်နယ်ဘောလုံးဆပ်ကော်မတီဝင်များ နှင့် ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သားဖွားသင်တန်းကျောင်းမှ သင်တန်းသူများ ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)ကျောင်းသား/ကျောင်းသူများ၊ ဆုရအသင်းများမှ အုပ်ချုပ်သူ / နည်းပြများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ ၊ ဘောလုံးအားကစားဝါသနာရှင်မိဘပြည်သူများက တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။

ရှေးဦးစွာ ဆုချီးမြှင့်ခြင်းအခမ်းအနားမစတင်မီ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက တောင်ကြီးခရိုင်အသင်း နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်းတို့၏ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး တောင်ကြီးခရိုင်အသင်းက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်းကို (၂) ဂိုး ၊ (၀) ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားကာ ဆက်လက်၍ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပရာ ပူးတွဲတတိယဆုရရှိသော ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်းကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မှ တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆု (၃၀၀,၀၀၀ိ/-)ကျပ်အားလည်းကောင်း ၊ ပူးတွဲတတိယဆုရရှိသော ကျိုင်းတုံခရိုင်အသင်းကို ပြည်နယ်ဥပဒေချုပ်မှ တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆု (၃၀၀,၀၀၀ိ/-)ကျပ်အားလည်းကောင်း ၊ ဒုတိယဆုရရှိသော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်းကို ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး မှ တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆု (၆၀၀,၀၀၀ိ/-)ကျပ်အားလည်းကောင်း ၊ ဆက်လက်ပြီးနေရာအလိုက်အကောင်းဆုံးအားကစားသမားဆုများကို ပေးအပ်ချီးမြှင့်ခဲ့ရာ ဂိုးသမားအကောင်းဆုံးအားကစားသမားဆုရ ကျောနံပါတ် (၁၈) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်းမှ မောင်စိုင်းတေဇာမင်းအား ရုပ်တုနှင့် ငွေသားဆုကျပ် (၁)သိန်း နှင့် နောက်တန်းအကောင်းဆုံးအားကစားသမားဆုရ ကျောနံပါတ် (၃) တောင်ကြီးခရိုင်အသင်းမှ မောင်သန့်ဇင်တို့အား ပြည်နယ်လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး မှလည်းကောင်း ၊ အလယ်တန်းအကောင်းဆုံးအားကစားသမားဆုရ ကျောနံပါတ် (၁၆) ကျိုင်းတုံခရိုင်အသင်းမှ မောင်ထွန်းလင်းဦး ၊ ရှေ့တန်းအကောင်းဆုံးအားကစားသမားဆုရ ကျောနံပါတ် (၁၀) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်းမှ မောင်မိုးထက်အာကာ နှင့် ပွဲစဉ်တစ်လျှောက်အကောင်းဆုံးအားကစားသမားဆုရ ကျောနံပါတ်(၁၀) တောင်ကြီးခရိုင်အသင်းမှ မောင်မင်းသွေးခန့်တို့ကို ရုပ်တုနှင့် ငွေသားဆုကျပ် (၁)သိန်းစီအား ပြည်နယ်လူမှုရေးရာဝန်ကြီး မှ လည်းကောင်း ၊ ပထမဆုရရှိသော တောင်ကြီးခရိုင်အသင်းကို ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် မှ တစ်ဦးချင်းဆုတံဆိပ်အားလည်းကောင်း ၊ ဆက်လက်၍ ပထမဆုဖလားကြီးနှင့် ငွေသားဆု ကျပ် (၈၀၀,၀၀၀ိ/-)နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ မှ ပထမဆုရရှိသွားသောအသင်းအား ကျပ် (၁၀)သိန်း ၊ ဒုတိယဆုရရှိသွားသောအသင်းအား ကျပ် (၇)သိန်း ၊ ပူးတွဲတတိယဆုရရှိသွားသောအသင်းများအား ကျပ် (၅)သိန်းစီ နှင့် ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ကြသော အသင်းများအား ကျပ်(၃)သိန်းစီ စုစုပေါင်းငွေကျပ် (၅၁)သိန်းအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် မှ ထပ်ဆောင်းဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံအားရိုက်ကူးခဲ့ကြကြောင်း သိရှိခဲ့ရပါသည်။