အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ် ၊ နွေရာသီအဆင့်မြင့် မြန်မာ့သိုင်းအားကစားသင်တန်း အမျိုးသား/အမျိုးသမီး ခါးစည်းဖြေဆိုပေးအပ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

တောင်ကြီးမြို့၊ မေလ(၂၂)ရက်။

မြန်မာ့သိုင်းအားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေးနှင့် မျိုးဆက်သစ်ရွက်ပုန်းသီးအားကစားသမားများပေါ်ထွက်လာစေရေးတို့ကိုရည်ရွယ်ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြည်နယ်သိုင်းဆပ်ကော်မတီတို့မှ ပူးပေါင်းကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ် ၊ နွေရာသီအဆင့်မြင့် မြန်မာ့သိုင်းအားကစားသင်တန်း အမျိုးသား/အမျိုးသမီး ခါးစည်းဖြေဆိုပေးအပ်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ယနေ့ နံနက် (၀၈:၀၀)နာရီအချိန်က စတင်ကျင်းပပြုလုပ်လျက်ရှိရာ ညနေ (၁၆:၀၀)နာရီအချိန်တွင် ခါးစည်းပေးအပ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ တောင်ကြီးခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နော်မေရီမိုး ၊ တောင်ကြီးမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးဆူးညီညီသိန်းဝင်း ၊ ပြည်နယ်သိုင်းဆပ်ကော်မတီမှ တာဝန်ရှိသူများ နှင့် မြန်မာ့သိုင်းအားကစားဝါသနာရှင် မိဘပြည်သူများ ၊ ဗန်တိုအတိုက် အားကစားသမား ကျား (၄၂)ဦး ၊ မ (၃၇)ဦး ၊ စွမ်းရည်ပြ (၃၀)ဦး ၊ စုစုပေါင်း (၁၀၉) ဦးမှ တက်ရောက်ခဲ့ကြပြီး တာဝန်ရှိသူများ ဆုတံဆိပ်များအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိခဲ့ရပါသည်။