အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ရပ်စောက်မြို့နယ်တွင် လူငယ်စကားဝိုင်းကျင်းပ

ရပ်စောက်၊ မေလ ၂၀ ရက်။

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို မေလ ၂၀ ၊ နံနက်(၁၀:၀၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ Community Center ခန်းမ၌ ကျင်းပခဲ့ပါသည်။

ရှေးဦးစွာ လူငယ်စကားဝိုင်းဖွင့်ပွဲကို ဒုတိယမြို့နယ်ပညာရေးမှူးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိက လူငယ်စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်များကို ပြောကြားခဲ့ပါသည်။

လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဆုမွန်ထွန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးမြတ်သူ၊ မြို့နယ်ပညာရေးမှူး ရုံးမှ ဒုဦးစီး(ကာယ) ဒေါ်အမာကြူတို့က ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး အ−ထ−က(ဗထူး) ကျောင်း Grade−12၊ Grade−11၊ Grade−10 ကျောင်းသူများဖြစ်သည့် မလပြည့်အေး၊ မအိသဉ္ဇာကျော်၊ မသံစဉ်ရှင်းသန့်တို့က လူငယ်နှင့်အားကစား၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်စာရိတ္တ ခေါင်းစဉ်တို့ဖြင့် ပါဝင်ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ပါဝင်ဆင်နွှဲသူများအား အမှတ်တရ အားကစား အင်္ကျီလက်ဆောင်များကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ် အားကစားမှူး မှ ပေးအပ်ခဲ့ပါသည်။

ထို့နောက် စကားဝိုင်းသို့ တက်ရောက်လာကြသော ဆရာ/မ နှင့် ကျောင်းသားကျောင်းသူအင်အား(၅၀) ခန့်ရှိပြီး တက်ရောက်လာကြသော ကျောင်းသား/သူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ အဆိုပါကျောင်းသားကျောင်းသူများနှင့် ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ပါသည်။