အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ခုနှစ် ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသက်(၂၅) နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အသင်းအား အောင်နိုင်ရေးအလံပေးအပ်ခြင်းအခမ်းအနားကျင်းပ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းပြည်နယ်လက်ရွေးစင် အမျိုးသား/အမျိုးသမီး အသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲ အခမ်းအနားကို (၂၀.၅.၂၀၂၄)ရက်နေ့ နံနက် (၁၁:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့ ၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ၊ ရှမ်းပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ၊ ပြည်နယ်ဥပဒေချုပ် ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်စိုးနှင့် ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်ပိုက်ကျော်ခြင်းဆပ်ကော်မတီအဖွဲ့ဝင်များ ၊ ဖိတ်ကြားထားသူများ၊ အားကစားသမားများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ပထမဦးစွာ ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အုပ်ချုပ်/နည်းပြနှင့် အားကစားသမားများက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် အားကစားဖြင့်အမိနိုင်ငံ၏ဂုဏ် ၊ ပြည်နယ်၏ဂုဏ် ကိုမြှင့်တင်နိုင်ပါစေကြောင်း ၊ နိုင်ငံတော်၏အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးမှာ အရေးပါတဲ့ ကဏ္ဍတစ်ရပ်အဖြစ် အလေးထားပြီး ရေတိုရေရှည်စီမံချက်များချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိတာ အားလုံးအသိဘဲဖြစ်ပါကြောင်း ၊ နိုင်ငံတော်မှ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနသို့ချမှတ်ထားတဲ့ အဓိကတာဝန်ကြီး(၄)ရပ်ဖြစ်တဲ့ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး ၊ မြန်မာ့အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေး ၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် အဆင့်အတန်းမြင့်မားစွာ ပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့် အရှေ့တောင်အာရှမှ အာရှအဆင့် ၊ အာရှအဆင့်မှ ကမ္ဘာ့အဆင့်ထိတက်လှမ်းနိုင်အောင် ကြိုးပမ်းရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်ပိုက်ကျော်ခြင်းအသင်း အနေဖြင့်လည်း တစ်ထောင့်တစ်နေရာမှ ကြိုးပမ်းဆောင်ရွက်ပေးသွားကြစေလိုကြောင်း ၊ မြန်မာ့ပိုက်ကျော်ခြင်း အားကစားအဆင့်အတန်းကို ကြည့်ရမည်ဆိုလျှင် အရှေ့တောင်အာရှမှ အာရှတစ်လွှားအထိဆုတံဆိပ်များ အကြိမ်ကြိမ်ရရှိပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်တဲ့အားကစားနည်းတစ်ခုဖြစ်တယ်ဆိုတာ အားလုံးအသိဘဲဖြစ်ပါကြောင်း ၊ ရှမ်းပြည််နယ်ရဲ့အားကစားအဆင့်အတန်းမနိမ့်ကျဘူးဆိုတာ ယခုပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲမှာ အစွမ်းကုန်ကြိုးစားသွာကြစေလိုပါကြောင်း အစရှိသည်များကို ပြောကြားသွားခဲ့ပါသည်။

ဆက်လက်ပြီး အသင်းအုပ်ချုပ်သူမှ စခန်းသွင်းလေ့ကျင့်ကာလနှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြသွားကာ ပြည်နယ်ဝန်ကြီးချုပ်မှ ပြိုင်ပွဲသို့သွားရောက်ယှဉ်ပြိုင်ကြမည့် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းအသင်းအား အောင်နိုင်ရေးအလံနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ငွေကျပ်(၃၀)သိန်း နှင့် စခန်းသွင်းလေ့ကျင့်ကာလနှင့် ပြိုင်ပွဲကာလ ကုန်ကျစရိတ်ငွေကျပ် သိန်း(၇,၇၂၂,၀၀၀ိ/-)တိတိတို့အား ပေးအပ်ခဲ့ပြီး အားကစားသမားများအားရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကာ ပြန်လည်ထွက်ခွာသွားကြကြောင်း သိရှိခဲ့ရပါသည်။