အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နွေရာသီဖိတ်ခေါ် (အမျိုးသား၊အမျိုးသမီး) ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆု‌ပေးပွဲကျင်းပ

ရန်ကုန် ၊ မေ ၁၉။

အားကစားနှင့်လူငယ်‌ရေးရာ၀န်ကြီးဌာနနှင့် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်က ကြီးမှူးကျင်းပသော၂၀၂၄ခုနှစ်နွေရာသီဖိတ်ခေါ် အမျိုးသား၊အမျိုးသမီး 5 ×5(အလွတ်တန်း)၊ 3×3(U-20)ဘတ်စကက်ဘောပြိုင်ပွဲများကိုယ‌နေ့မွန်းလွဲပိုင်းကရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သု၀ဏ္ဏ၌ကျင်းပသည်။

ဗိုလ်လုပွဲပြိုင်ပွဲ၌ အမျိုးသား5 ×5(အလွတ်တန်း)တွင် ko box myanmar အသင်းနှင့် လားရှိုးအသင်းတို့အကြိတ်အနယ်ယှဥ်ပြိုင်ကစားကြရာ ko box myanmar အသင်းက လားရှိုးအသင်းကို ၈၇မှတ်၊ ၅၀မှတ်ဖြင့်အနိုင်ရရှိသွားသည်။ ပြိုင်ပွဲများအပြီးဆုပေးပွဲကိုကျင်းပရာ အမျိုးသမီး၊ အမျိုးသား3×3(U-20)ပြိုင်ပွဲ၊ အမျိုးသား 5 ×5(အလွတ်တန်း)၊ အမျိုးသမီး5 ×5 ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြ‌သောအသင်းများအား ရန်ကုန်တိုင်း‌ဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြား‌ရေးမှူး၊ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်မှ တာ၀န်ရှိသူများက တစ်ဦးချင်းဆုတံဆိပ်နှင့်‌ ငွေသားဆုများချီးမြှင့်ကြသည်။

ထို့‌နောက် အမျိုးသမီး၊ အမျိုးသားအ‌ကောင်းဆုံးဆုအားကစားသမားများအား မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်အတွင်းရေးမှူးကလည်း‌ကောင်း၊ အမျိုးသား5 ×5(အလွတ်တန်း) ko box myanmarအသင်း၊ အမျိုးသမီး 5 ×5ဆုရ Steel အသင်းများအား မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်ဒုတိယဥက္ကဌများက တံခွန်စိုက်ဆုဖလားချီးမြှင့်ခဲ့ကြသည်။

ယင်းပြိုင်ပွဲကို မေ၁၀ရက်မှ၁၉ရက်အထိအမျိုးသား၂၅သင်း၊ အမျိုးသမီးလေးသင်း၊ 3×3(U-20)အမျိုးသား၁၉သင်း၊ အမျိုးသမီးရှစ်သင်း၊ အားကစားသမား ၄၀၀ခန့်၀င်‌ရောက်ယှဥ်ပြိုင်ခဲ့ကြကြောင်းသိရသည်။