အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

တောင်ကြီး၊ မေလ(၆)ရက်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုများကိုခံယူကာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ပြည်နယ်အတွင်းပိုက်ကျော်ခြင်းအားကစားနည်းဖွံ့ဖြိုးတိုးတက်စေရန်နှင့် အားကစားအဆင့်အတန်း အစဥ်အမြဲတိုးတက်စေရေးတို့ကို ရည်ရွယ်၍ ၂၀၂၄ ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ၆-၅-၂၀၂၄ ရက်နေ့ ညနေ(၁၅:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ၊ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ ပြည်နယ်ဥပဒေချုပ် ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ၊ ဒုတိယညွှန်ကြားရေးမှူးများ ၊ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သားဖွားသင်တန်းကျောင်းမှ သင်တန်းသူများ ၊ သူနာပြုသင်တန်းကျောင်းမှသင်တန်းသား/သင်တန်းသူများ၊ ပိုက်ကျော်ခြင်းအားကစားဝါသနာရှင်များက တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။

ရှေးဦးစွာ ဆုချီးမြှင့်ခြင်းအခမ်းအနားမစတင်မီ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အမျိုးသမီးဗိုလ်လုပွဲ ပွဲစဥ်အဖြစ် ပင်လောင်းမြို့နယ်အသင်းနှင့် နောင်ချိုမြို့နယ်အသင်းတို့၏ ယှဥ်ပြိုင်ကစားနေမှုများကိုလည်းကောင်း၊ အမျိုးသားဗိုလ်လုပွဲ ပွဲစဥ်အဖြစ် တောင်ကြီးမြို့နယ်အသင်းနှင့် ကျောက်မဲမြို့နယ်အသင်းတို့၏ ယှဥ်ပြိုင်ကစားနေမှုများကိုလည်းကောင်း အသီးသီးကြည့်ရှုအားပေးခဲ့ကြပြီး အမျိုးသမီးဗိုလ်လုပွဲ ပွဲစဥ်တွင် ပင်လောင်းမြို့နယ်အသင်းနှင့် နောင်ချိုမြို့နယ်အသင်းတို့၏ ယှဥ်ပြိုင်ကစားခဲ့ရာ ပင်လောင်းမြို့နယ်အသင်းက နောင်ချိုမြို့နယ်အသင်းကို ( ၂ )ပွဲပြတ်ဖြင့်လည်းကောင်း၊ အမျိုးသားဗိုလ်လုပွဲ ပွဲစဥ်တွင် တောင်ကြီးမြို့နယ်အသင်းနှင့် ကျောက်မဲမြို့နယ်အသင်းတို့၏ ယှဥ်ပြိုင်ကစားခဲ့ရာ တောင်ကြီးမြို့နယ်အသင်းက ကျောက်မဲမြို့နယ်အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီးအနိုင်ရဗိုလ်စွဲသွားကြောင်းသိရှိရကာ ဆက်လက်၍ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပရာ အမျိုးသမီးပြိုင်ပွဲတွင် အကောင်းဆုံးဆုရအားကစားသမားများအား ဆုချီးမြှင့်ရာတွင် ပထမဦးစွာ အကောင်းဆုံးရိုက်ခုတ်ဆု ရရှိသွားသော ပင်လောင်းမြို့နယ်အသင်းမှ ကျောနံပါတ်(၁) မနွေးဝေ အား ဆုတံဆိပ်နှင့်ငွေသားဆု (၅၀,၀၀၀ိ/-)ကျပ် ၊ အကောင်းဆုံးပင့်ထောင်ဆု ရရှိသွားသော နောင်ချိုမြို့နယ်အသင်းမှ ကျောနံပါတ်(၇) မမွန်မွန်အောင်အား ဆုတံဆိပ်နှင့်ငွေသားဆု (၅၀,၀၀၀ိ/-)ကျပ် ၊ အကောင်းဆုံးနောက်ထိန်းဆု ရရှိသွားသော ပင်လောင်းမြို့နယ်အသင်းမှ ကျောနံပါတ်(၆) မနန်းစုပိုင်ထွန်းအား ဆုတံဆိပ်နှင့်ငွေသားဆု (၅၀,၀၀၀ိ/-)ကျပ် တို့အား ပြည်နယ်ဥပဒေချုပ်မှလည်းကောင်း ၊ အမျိုးသားပြိုင်ပွဲတွင် အကောင်းဆုံးဆုရအားကစားသမားများအား ဆုချီးမြှင့်ရာတွင် ပထမဦးစွာ အကောင်းဆုံးရိုက်ခုတ်ဆု ရရှိသွားသော ကျောက်မဲမြို့နယ်အသင်းမှ ကျောနံပါတ်(၁) မောင်ကောင်းခန့်ဇင် အား ဆုတံဆိပ်နှင့်ငွေသားဆု (၅၀,၀၀၀ိ/-)ကျပ် ၊ အကောင်းဆုံးပင့်ထောင်ဆု ရရှိသွားသော တောင်ကြီးမြို့နယ်အသင်းမှ ကျောနံပါတ်(၂) မောင်ကျော်သူရအား ဆုတံဆိပ်နှင့်ငွေသားဆု (၅၀,၀၀၀ိ/-)ကျပ် ၊ အကောင်းဆုံးနောက်ထိန်းဆု ရရှိသွားသော တောင်ကြီးမြို့နယ်အသင်းမှ ကျောနံပါတ်(၄) မောင်ဟန်ဝင်းထွဋ်အား ဆုတံဆိပ်နှင့်ငွေသားဆု (၅၀,၀၀၀ိ/-)ကျပ် တို့အား ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး မှလည်းကောင်း ၊ ဆက်လက်ပြီး အမျိုးသမီးပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသော တောင်ကြီးမြို့နယ်အသင်းနှင့် ကလောမြို့နယ်အသင်းတို့အား ပြည်နယ်လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီးမှ တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆု (၂၀၀,၀၀၀ိ/-)ကျပ်စီအားလည်းကောင်း ၊ ဒုတိယဆုရရှိသွားသော နောင်ချိုမြို့နယ်အသင်းကို ပြည်နယ်လူမှုရေးရာဝန်ကြီး မှ တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆု(၃၀၀,၀၀၀ိ/-)ကျပ်အားလည်းကောင်း ၊ ပထမဆုရရှိသွားသော ပင်လောင်းမြို့နယ်အသင်းကို ပြည်နယ်သယံဇာတရေးရာဝန်ကြီး မှ တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆု (၅၀၀,၀၀၀ိ/-)ကျပ်အားလည်းကောင်း ၊ အမျိုးသားပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသော လင်းခေးမြို့နယ်အသင်းနှင့် လားရှိုးမြို့နယ်အသင်းတို့အား ပြည်နယ်စီးပွားရေးရာဝန်ကြီးမှ တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆု (၂၀၀,၀၀၀ိ/-)ကျပ်စီအားလည်းကောင်း ၊ ဒုတိယဆုရရှိသွားသော ကျောက်မဲမြို့နယ်အသင်းကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် မှ တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆု(၃၀၀,၀၀၀ိ/-)ကျပ်အားလည်းကောင်း ၊ ပထမဆုရရှိသွားသော တောင်ကြီးမြို့နယ်အသင်းကို ပြည်နယ်ဝန်ကြီးချုပ် မှ တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆု (၅၀၀,၀၀၀ိ/-)ကျပ်အားလည်းကောင်း ဆုများအသီးသီးပေးအပ်ခဲ့ကြပြီး ဆက်လက်၍ ပထမတံခွန်စိုက်ဆုဖလားကြီးများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် မှလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံအားရိုက်ကူးခဲ့ကြကြောင်း သိရှိခဲ့ရပါသည်။