အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

တားမြစ်ဆေးဝါးသုံးစွဲမှုကင်းလွတ်ခွင့်(TUE)သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန် ၊ ဖေဖေါ်ဝါရီလ(၂၄)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံတားမြစ်ဆေးဝါးသုံးစွဲမှုဆန့်ကျင်ရေးအဖွဲ့အစည်း Therapeutic Use Exemption Training & Workshop ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်၈နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး ၊ တာမွေမြို့နယ် ၊ ကျိုက္ကဆံအားကစားကွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ရုံးဟောင်း၌ကျင်းပရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှဒုတိယကျောင်းအုပ်ကြီးများ ၊ ပါမောက္ခနှင့်တွဲဖက်ပါမောက္ခများ သင်တန်းဆရာ/ဆရာမများတက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံတားမြစ်ဆေးဝါးသုံးစွဲမှုဆန့်ကျင်‌ရေးအဖွဲ့အစည်း (MADO) ဥက္ကဌ ပါမောက္ခဒေါက်တာသန်းသန်းဌေးက အဖွင့်အမှာစကားပြောကြား၍လည်းကောင်း ၊ တားမြစ်ဆေးဝါးသုံးစွဲမှုကင်းလွတ်ခွင့်(TUE)သင်တန်းဆရာ Dr.Teoh Chin Sim နှင့် မြန်မာနိုင်ငံတားမြစ်ဆေးဝါးသုံးစွဲမှုကင်းလွတ်ခွင့်(TUE)ကော်မတီ ဥက္ကဌ တွဲဖက်ပါမောက္ခဒေါက်တာမြသူဇာ တို့က အသီးသီးအမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ပါမောက္ခဒေါက်တာသန်းသန်းဌေးနှင့်တွဲဖက်ပါ‌မောက္ခဒေါက်တာမြသူဇာတို့က ဂုဏ်ပြုလက်ဆောင်နှင့်ကျေးဇူးတင်လွှာများပေးအပ်ချီးမြှင့်၍ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့သည်။

အဆိုပါသင်တန်းကို အားကစားနှင့်ကာယပညာဦးစီးဌာနမှဆရာဝန်များ ၊ TUE‌‌ ကော်မတီဝင်များ ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်မှဆရာဝန်များ ၊အားကစားအဖွဲ့ချုပ်အသီးသီးမှ တာဝန်ခံဆရာဝန်များ စုစုပေါင်း (၃၀)ဦးတက်ရောက်ကြသည် ။

သင်တန်းမှာ နံနက် ၈ နာရီ မှ ညနေ ၅ နာရီအထိ တစ်ရက်သာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။