အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ” 2023- 2024 SHAN STATE VOLLEYBALL LEAGUE ” အမှတ်ပေးပြိုင်ပွဲ နောက်ဆုံးပွဲစဥ်နှင့် ကလပ်ပေါင်းစုံပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ပြည်နယ်တွင်းအားကစားအဆင့်အတန်းတိုးတက်မြင့်မားရေး၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ အားကစားဖြင့်ပြည်နယ်၏ဂုဏ်နှင့် နိုင်ငံ၏ဂုဏ်ကို ဖော်ဆောင်နိုင်စေရေးတို့ကို ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ မှ ကြီးမှူးကျင်းပပြုလုပ်ပေးသည့် ၂၀၂၄ ခုနှစ်၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ” 2023 – 2024 SHAN STATE VOLLEYBALL LEAGUE “ အမှတ်ပေးပြိုင်ပွဲ နောက်ဆုံးပွဲစဥ်နှင့် ကလပ်ပေါင်းစုံပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)နှင့် (လွိုင်ကော်)ကျောင်းသား/ကျောင်းသူများ၊ သားဖွားသင်တန်းကျောင်းမှ သင်တန်းသူများ ၊ ဘော်လီဘောအားကစားနည်းကို စိတ်ပါဝင်စားကြသော မိဘပြည်သူများမှ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ” 2023 – 2024 SHAN STATE VOLLEYBALL LEAGUE ” အမှတ်ပေးပြိုင်ပွဲ နောက်ဆုံးပွဲစဥ်နှင့် ကလပ်ပေါင်းစုံပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲများကို ကျင်းပပြုလုပ်ခဲ့ရာ ဘော်လီဘော အမှတ်ပေးပြိုင်ပွဲ နောက်ဆုံးပွဲစဥ်တွင် အား/ကာသိပ္ပံ(တောင်ကြီး)အသင်း နှင့် အင်းယား+ပုန့်မူအသင်းတို့ယှဥ်ပြိုင်ကစားနေမှုများကိုလည်းကောင်း၊ ကလပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲတွင် KG CLUB အသင်းနှင့် အောင်စည်ကလပ်အသင်းတို့၏ အသီးသီးယှဥ်ပြိုင်ကစားနေမှုများအား ကြည့်ရှုအားပေးခဲ့ကာ ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ ကလပ်ပေါင်းစုံပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဆုရရှိခဲ့ကြသော အကောင်းဆုံးအားကစားသမားဆုများ ၊ ပူးတွဲတတိယဆုရရှိခဲ့သော အသင်းများ ၊ ဒုတိယဆုရရှိသော KG CLUB အသင်းနှင့် ပထမဆုရရှိခဲ့သော အောင်စည်ကလပ်အသင်းတို့အား ဆုတံဆိပ်နှင့်ငွေသားဆုများကိုလည်းကောင်း ၊ ” 2023 – 2024 SHAN STATE VOLLEYBALL LEAGUE “ အမှတ်ပေးပြိုင်ပွဲ နောက်ဆုံးပွဲစဥ်တွင် ဆုရရှိခဲ့ကြသော အကောင်းဆုံးအားကစားသမားဆုများ ၊ နှစ်သိမ့် (၁)မှ (၅)ထိရရှိခဲ့ကြသော အသင်းများ ၊ ရမှတ်(၆၄)မှတ်ဖြင့် တတိယဆုရရှိခဲ့သော ရွာမ+ကေလာအသင်း ၊ ရမှတ်(၇၇)မှတ်ဖြင့် ဒုတိယဆုရရှိခဲ့သော ရွာသာ+တောင်ပို့ကြီးအသင်းတို့အား ဆုတံဆိပ်နှင့်ငွေသားဆုများအားလည်းကောင်း ၊ ရမှတ်(၈၂)မှတ်ဖြင့် ပထမဆုရရှိခဲ့သော အား/ကာသိပ္ပံ(တောင်ကြီး)အသင်းအား ငွေသားဆုနှင့် ဆင့်ပွားဆုဖလား ၊ တံခွန်စိုက်ဆုဖလားကြီးတို့အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကာ အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရှိခဲ့ရပါသည်။