အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၇၇)နှစ်မြောက် ရှမ်းပြည်နယ်နေ့အထိမ်းအမှတ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနအားကစားလှုပ်ရှားမှုပြခန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်အစိုးရအဖွဲ့ မှ ၂၀၂၄ ခုနှစ် ၊ (၇၇)နှစ်မြောက် ရှမ်းပြည်နယ်နေ့အထိမ်းအမှတ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် ပြည်နယ်တွင်းမှ တစ်နှစ်တာအားကစားလှုပ်ရှားဆောင်ရွက်မှုပြခန်းအား ယနေ့နံနက်ပိုင်းတွင် ဖွင့်လှစ်ပေးခဲ့ရာ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့ကောင်စီဝင်များ ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများ ၊ တိုင်းရင်းသားရိုးရာအကအဖွဲ့များ၊ အားကစားကိုစိတ်ပါဝင်စားကြသော မိဘပြည်သူများမှ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ပြခန်းသို့ လာရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။

အဆိုပါပြခန်းသည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၏ တစ်နှစ်တာ၌ ပြည်နယ်တွင်းအားကစားလှုပ်ရှားဆောင်ရွက်မှုများ ၊ အားကစားပြုလုပ်ခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများ ၊ လက်ကမ်းစာစောင်များ ဝေငှပေးခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ပြီး ပြခန်းတွင် ကျောင်းသား/ကျောင်းသူများနှင့် လူငယ်များ စိတ်ဝင်တစားဖြစ်စေရန်အတွက် ကိုယ်တိုင်ပါဝင်ဆင်နွှဲရသည့် ဂိမ်းကစားခြင်းအစီအစဉ်များကိုလည်း ထည့်သွင်းထားရှိပြီး ဂိမ်းသတ်မှတ်ချက်အဆင့်များ အောင်မြင်စွာကစားနိုင်ပါက အမှတ်တရလက်ဆောင်များပြန်လည်ပေးအပ်ကာ ကျောင်းသား/ ကျောင်းသူများ၊ လူငယ်များ၊ ဝန်ထမ်းများနှင့် မိသားစုများ၊ ဒေသခံပြည်သူများ စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုလေ့လာကြသဖြင့် အထူးစည်းကားလျက်ရှိပြီး အဆိုပါပြပွဲကို (၇.၂.၂၀၂၄)ရက်နေ့မှ (၁၂.၂.၂၀၂၄)ရက်နေ့အထိ အဝေရာကုန်းသာယာကွင်း၌ ခင်းကျင်းပြသသွားမည်ဖြစ်ရာ မိဘပြည်သူများအနေဖြင့် အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရှိရပါသည်။