အပြည်ပြည်ဆိုင်ရာ မီနီမာရသွန်(The 3rd Baghdad international Half Marathon )ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြည်ပထွက်ခွာ
ရန်ကုန် ၊ ဖေဖေါ်ဝါရီလ(၇)ရက်။
အီရတ်နိုင်ငံ၊ Baghdadမြို့၌ ဖေဖေါ်ဝါရီလ(၉)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် (၃)ကြိမ်မြောက် ဘဂ္ဂဒက် အပြည်ပြည်ဆိုင်ရာ မီနီမာရသွန်ပြိုင်ပွဲ(The 3rd Baghdad international Half Marathon) ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် အသင်းအဖွဲ့ခေါင်းဆောင် မြန်မာနိင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကျော်ထူးအောင် ၊ အားကစားသမား ကျော်မင်းအောင်နှင့် အိအိဝိုင်းတို့သည် ယနေ့နံနက် ၁၁ နာရီ ၁၅ မိနစ် အချိန်က လေယာဉ်အမှတ်MH741ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှထွက်ခွာသွားရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ဒုတိယကျောင်းအုပ်ကြီးဦးအောင်မျိုးဝင်းနှင့်တာဝန်ရှိပုဂ္ဂိုလ်များက လိုက်လံပို့ဆောင်နူတ်ဆက်ခဲ့သည်။
အဆိုပါပြိုင်ပွဲ ၉ ရက်နေ့တွင် ကျော်မင်းအောင်က ၂၀ ကီလိုမီတာတွင်လည်ကောင်း ၊ အိအိဝိုင်းက ၁၀ ကီလိုမီတာတွင်လည်ကောင်း အသီးသီးဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရှိရသည်။