အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်နယ်နှင့်တိုင်းဒေသကြီး ဘတ်စကက်ဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ တတိယလုပွဲ၊ အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်များဆက်လက်ကျင်းပ

နေပြည်တော်၊ ဇန်နဝါရီလ(၃၁)ရက်။

ဘတ်စကက်ဘောအားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရေး၊ ဘတ်စကက်ဘောမျိုးဆက်သစ်အားကစားသမားများပေါ်ထွက်လာစေရေးနှင့် ဘတ်စကက်ဘော အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေးတို့ကို ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘတ်စကက်ဘော(အမျိုးသား/အမျိုးသမီး) (5×5) အကြိုဗိုလ်လုပွဲ ပွဲစဉ်များနှင့် ဘတ်စကက်ဘော(အမျိုးသား/အမျိုးသမီး) (3×3) တတိယလုပွဲ၊ အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို ယနေ့နံနက်(၈)နာရီမှစတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပသည်။

ယနေ့ ဘတ်စကက်ဘော(အမျိုးသား/အမျိုးသမီး) (5×5)ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် (အမျိုးသား)ပြိုင်ပွဲတွင် ရှမ်းပြည်နယ်အသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို ရမှတ်(၈၁)မှတ်၊ (၄၈)မှတ်ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေကြီးအသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို ရမှတ်(၆၅)မှတ်၊ (၅၆)မှတ်ဖြင့်လည်းကောင်း၊ (အမျိုးသမီး)ပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ရှမ်းပြည်နယ်အသင်းကို ရမှတ်(၇၈)မှတ်၊ (၅၄)မှတ်ဖြင့်လည်းကောင်း၊ မကွေး တိုင်းဒေသကြီးအသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို ရမှတ်(၇၂)မှတ်၊ (၅၉)မှတ်ဖြင့်လည်းကောင်း အသီးသီးယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြသည်။

ဆက်လက်၍ ဘတ်စကက်ဘော(အမျိုးသား) (3×3) ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် စစ်ကိုင်းတိုင်းဒေသကြီးအသင်းက မန္တလေးတိုင်းဒေကြီးအသင်းကို ရမှတ်(၁၅)မှတ်၊ (၁၄)မှတ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို ရမှတ်(၂၁)မှတ်၊ (၁၅)မှတ်ဖြင့်လည်းကောင်း၊ တတိယလုပွဲ ပွဲစဉ်တွင် မန္တလေးတိုင်းဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို ရမှတ်(၂၀) မှတ်၊ (၁၅)မှတ်ဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲ ပွဲစဉ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို ရမှတ်(၂၁)မှတ်၊ (၁၈)မှတ်ဖြင့်လည်းကောင်း၊ ဘတ်စကက်ဘော (အမျိုးသမီး) (3×3) ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် စစ်ကိုင်းတိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို ရမှတ်(၁၇)မှတ်၊ (၅)မှတ်ဖြင့်လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအသင်းက ရှမ်းပြည်နယ်အသင်းကို ရမှတ်(၁၂)မှတ်၊ (၁၀)မှတ်ဖြင့်လည်းကောင်း၊ တတိယလုပွဲ ပွဲစဉ်တွင် မွန်ပြည်နယ်အသင်းက ရှမ်းပြည်နယ်အသင်းကို ရမှတ်(၁၃)မှတ်၊ (၁၂)မှတ်ဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲ ပွဲစဉ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို ရမှတ်(၂၁)မှတ်၊ (၈)မှတ်ဖြင့်လည်းကောင်း အသီးသီးယှဉ်ပြိုင် အနိုင်ရရှိခဲ့ကြသည်။

အဆိုပါပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဌာနခွဲအသီးသီးမှ အရာထမ်း/အမှုထမ်းများနှင့် အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးကြသည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ(၁)ရက်နေ့ နံနက်(၉)နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ဘတ်စကက်ဘော(အမျိုးသား/အမျိုးသမီး)(5×5)ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် (အမျိုးသမီး) ပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်း၊ (အမျိုးသား)ပြိုင်ပွဲတွင် ရှမ်းပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစား သွားမည်ဖြစ်ပြီး အားကစားကို စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်းသိရသည်။