အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ခုနှစ်၊ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်ဥက္ကဌဖလား ဘတ်စကက်ဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန်၊ ဇန်နဝါရီလ(၁၉)ရက်။

၂၀၂၄ခုနှစ်၊ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်ဥက္ကဌဖလား ဘတ်စကက်ဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးသင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်မှ ဒုတိယဥက္ကဌများ၊ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်မှ ဒုတိယဥက္ကဌ များ၊ အတွင်းရေးမှူးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဒိုင်လူကြီးများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများတက်ရောက်ခဲ့ကြပါသည်။

ဗိုလ်လုပွဲအဖြစ် အမျိုးသားအလွတ်တန်းဘတ်စကက်ဘောပြိုင်ပွဲတွင် Ba Na အသင်းနှင့် Ne Ko အသင်းတို့ ယှဉ်ပြိုင်ကစားရာ Ba Na အသင်း က ပထမရရှိခဲ့ပါသည်။

ရှေးဦးစွာ ဆုပေးပွဲအခမ်းအနားမစတင်မီ မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်မှ ငွေကျပ်(၁၀)သိန်း၊ Fu Xing Brothers Group of Companies မှ ငွေကျပ်(၅)သိန်းတို့အား ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးမောင်မောင်မြင့်မှ လက်ခံရယူခဲ့ပြီးနောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပပြုလုပ်ရာ အမျိုးသမီး U-18 (3×3) ဘတ်စကက်ဘောပြိုင်ပွဲတွင် ပထမရရှိသော ABYSS အသင်း ၊ ဒုတိယရရှိသော Prome အသင်းနှင့် တတိယရရှိသော Cobra Club အသင်းတို့အား မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ် တွဲဘက်အတွင်းရေးမှူး ဦးဗိုလ်ဗိုလ်လွင်မှ တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုများအားလည်းကောင်း၊ အမျိုးသား U-18(3×3) ဘတ်စကက်ဘောပြိုင်ပွဲတွင် ပထမရရှိသော မအူပင်အသင်း ၊ ဒုတိယရရှိသော PYU-A အသင်းနှင့် တတိယရရှိသော PYU-B အသင်းတို့အား မြန်မာနိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ် တွဲဘက်အတွင်းရေးမှူး ဦးထင်လင်းပြည့်မှ တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများအားလည်းကောင်း၊အမျိုးသမီးအလွတ်တန်းဘတ်စကက်ဘောပြိုင်ပွဲတွင်ပထမရရှိသော STEEL အသင်း၊ ဒုတိယရရှိသော Baby -1 အသင်း နှင့် တတိယရရှိသော Baby -2 အသင်းတို့အား မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ် တွဲဘက်အတွင်းရေးမှူး ဒေါ်ကြူကြူ၊ မြန်မာ့လက်ရွေးစင် ဘတ်စကက်ဘော အားကစားသမားဟောင်း ဦးမောင်မောင်ညှပ်နှင့် ဦးရဲအောင်တို့မှ တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများအားလည်းကောင်း၊အမျိုးသားအလွတ်တန်းဘတ်စကက်ဘောပြိုင်ပွဲတွင်ပထမရရှိသော Ba Na အသင်း၊ ဒုတိယရရှိသော Neko အသင်းနှင့် တတိယရရှိသော Sam Par Oo အသင်းတို့အား အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး ၊ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးစိုးဝင်းနှင့် ဦးထွန်းဖြူတို့မှ တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများအားအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။

ထို့နောက် အမျိုးသား(Open)အကောင်းဆုံးအားကစားသမားဆုကို ကျောနံပါတ်(၇) Ba Na အသင်းမှ အောင်မြင့်၊ အမျိုးသမီး(Open) အကောင်းဆုံးအားကစားသမားဆုကို ကျောနံပါတ်(၂၃) STEEL အသင်းမှ နှင်းစုစုလှိုင်တို့အား မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်ဒုတိယဥက္ကဌ ဦးမောင်မောင်မြင့်မှ Trophy နှင့်ငွေသားဆုများအားပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ဆက်လက်၍ အမျိုးသမီး/အမျိုးသား U-18(3×3) ဘတ်စကက်ဘောပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆုရရှိသွားသော ABYSS အသင်းနှင့် မအူပင်- A အသင်းတို့အား မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ် ဒုတိယဥက္ကဌ ဦးတင်မောင်အေးမှ လည်းကောင်း၊အလွတ်တန်း ဘတ်စကက်ဘောအမျိုးသမီးပြိုင်ပွဲတွင်ပထမဆုရရှိသွားသော STEEL အသင်းနှင့် အမျိုးသားပြိုင်ပွဲတွင် ပထမဆုရရှိသွားသော Ba Na အသင်းတို့အား မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ် ဒုတိယဥက္ကဌ ဦးတင်မောင်ညွန့် မှ တံခွန်စိုက်ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။

အဆိုပါ ၂၀၂၄ ခုနှစ်၊ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်ဥက္ကဌဖလား ဘတ်စကက်ဘောပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် Main Sponsor အဖြစ် MIS School မှ အလှူငွေကျပ် (၆၉)သိန်း(၂)သောင်း၊ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်ဒုတိယဥက္ကဌ ဦးမြင့်သိန်းမှငွေကျပ် (၂၅)သိန်း၊မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်မှ ငွေကျပ်(၁၀)သိန်း၊ Fu Xing Brothers Group of Companies မှ ငွေကျပ်(၅)သိန်း၊ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကျော်ကျော်ဝင်းမှ ငွေကျပ်(၁၀)သိန်း၊ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ် တွဲဘက်အတွင်းရေးမှူး ဦးထင်လင်းပြည့် မှ ငွေကျပ်(၅)သိန်း၊ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ် တွဲဘက်အတွင်းရေးမှူး ဦးဗိုလ်ဗိုလ်လွင် မှ ငွေကျပ်(၃)သိန်း နှင့် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်များနှင့် တွဲဘက်အတွင်းရေးမှူးများမှ လှူဒါန်းငွေကျပ်(၉)သိန်း ၊ စုစုပေါင်း လှူဒါန်းငွေကျပ် (၁၃၆)သိန်း (၂)သောင်း တို့အားထည့်ဝင်လှူဒါန်းခဲ့ကြောင်းသိရှိရသည်။