အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ရေကြည်မြို့နယ်တွင် “ လူငယ်စကာဝိုင်း” နှင့် “ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ” အခမ်းအနားကျင်းပ

ရေကြည်၊ ဇန်နဝါရီ (၁၉)။

လူငယ်ရေးရာဟောပြောပွဲအခမ်းအနားကို ရေကြည်မြို့နယ်အတွင်းရှိ (အ.ထ.က) ငါးသိုင်းချောင်းတွင် နံနက် (၁၀:၀၀) အချိန်နှင့် (အ.ထ.က) မြို့မကျောင်း၌ မွန်းလွဲ (၁:၀၀) အချိန်တို့တွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါသည်။

အဆိုပါအခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူးဦးရဲထက်အောင်နှင့် ရေကြည်မြို့နယ်ပညာရေးမှူးဆရာကြီး ဦးကျော်နိုင်ကအဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ငါးသိုင်းချောင်းမြို့ ပြန်/ဆက်ဦးစီးမှူးဒေါ်ဇာဇာလှိုင်၊ ရေကြည်မြို့နယ် ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်မိုးစီစီအောင်က “ လူငယ်နှင့်ရည်မှန်းချက်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရေကြည်မြို့နယ် အားကစားမှူး ဒေါ်နှင်းနှင်းက “ လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်းအသီးသီးဟောပြောဆွေးနွေးခဲ့ပြီး Grade-9 တွင်ပညာသင်ကြားနေသော မမဒီပုံ့ပုံ့ချိုက “ လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 တွင်ပညာသင်ကြားနေသော မောင်စိုးခန့်ဇော်က “ လူငယ်နှင့်ရည်မှန်းချက်” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade-10 တွင်ပညာသင်ကြားနေသော မသိမ့်မော်ဝင်းက “ လူငယ်နှင့်မူးယစ်ဆေး” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade-11 တွင်ပညာသင်ကြားနေသော မောင်မင်းထက်အောင်က “ လူငယ်နှင့် စာရိတ္တ” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade-11 တွင်ပညာသင်ကြားနေသော မဂျူးငြိမ့်ခြယ်က “ လူငယ်နှင့်ကျန်းမာရေး” ခေါင်းစဥ်ဖြင့်လည်းကောင်းအသီးသီးဆွေးနွေးခဲ့ကြပြီး အခမ်းအနားတက်ရောက်လာသူများမှ သိရှိလိုသည်များအပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် PFD အကများ၊ EIM “ ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး” အစီအစဉ်ကို ပျော်ရွှင်စွာစုပေါင်း ဆင်နွှဲခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီးများက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။