အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲများ ဆက်လက်ကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ(၁၁)။

ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးတွင်ရှိကြသည့် ဂျူဒိုအားကစားသမားများအချင်းချင်းချစ်ကြည် ရင်းနှီးမှုခိုင်မာလာစေရေး၊ မျိုးဆက်သစ် ဂျူဒိုအားကစားသမားများစွာ ပေါ်ထွက်လာစေရေးနှင့် ဂျူဒို အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးတို့အတွက် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲ ကို ယနေ့နံနက် (၁၀)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပခဲ့သည်။

ယနေ့ ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (အမျိုးသား/အမျိုးသမီး) ဝိတ်တန်းအလိုက် အတိုက်ပြိုင်ပွဲများအား ယှဉ်ပြိုင်ကစားခဲ့ကြရာ အမျိုးသား(-၆၆)ကီလိုပြိုင်ပွဲတွင် လှိုင်မင်းခန့်(စစ်ကိုင်း)က ပထမ၊ ဖြိုးကျော်ကျော် (ဧရာဝတီ)က ဒုတိယ၊ သန့်ဇော်ဦး(ရန်ကုန်)က တတိယ၊ အောင်မင်းခန့်(ချင်း)က ပူးတွဲတတိယ၊ အမျိုးသား (-၇၃)ကီလိုပြိုင်ပွဲတွင် အောင်သန့်ကျော်(ဧရာဝတီ)က ပထမ၊ သန့်ဇော်ဝင်းအောင်(ရှမ်း)က ဒုတိယ၊ လင်းကျော်ဦး(ရန်ကုန်)က တတိယ၊ လင်းထက်ဦး(မန္တလေး)က ပူးတွဲတတိယ၊ အမျိုးသား(+၇၃)ကီလို ပြိုင်ပွဲတွင် စထက်ဝေဖြိုး(ဧရာဝတီ)က ပထမ၊ ဇော်လင်းဖြိုး(စစ်ကိုင်း)က ဒုတိယ၊ ချမ်းကိုကို(မကွေး)က တတိယ၊ စိုးသူရနောင်(ရှမ်း)က ပူးတွဲတတိယ၊ အမျိုးသမီး (-၅၇)ကီလိုပြိုင်ပွဲတွင် ပြည့်စုံအောင်(ကချင်)က ပထမ၊ နမ့်ဖြိုးသီရိဟန်(ဧရာဝတီ)က ဒုတိယ၊ နော်မြတ်နိုးရွှေစင်(မွန်)က တတိယ၊ သက်နှင်းခိုင်(ရှမ်း)က ပူးတွဲတတိယ၊ အမျိုးသမီး (-၆၇)ကီလိုပြိုင်ပွဲတွင် လမင်းဖြူ(ရခိုင်)က ပထမ၊ ဆောင်းဦးဝေ(မကွေး)က ဒုတိယ၊ နန်းမိုးပွင့်ဖြူ(ကရင်)က တတိယ၊ အေးပပဖြိုး(ရန်ကုန်)က ပူးတွဲတတိယ၊ အမျိုးသမီး (+၆၃) ကီလို ပြိုင်ပွဲတွင် အေးအေးနိုင်(မန္တလေး)က ပထမ၊ နှင်းစန္ဒာထွန်း(ကချင်)က ဒုတိယ၊ ယုနန္ဒာကျော်(ဧရာဝတီ)က တတိယ၊ နန်းသဲနုနုစံ(ကရင်)က ပူးတွဲတတိယတို့ အသီးသီး ရရှိခဲ့ကြသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၂)ရက်နေ့ နံနက်(၁၀)နာရီမှ စတင်၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A)၌ အသင်းလိုက် (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ ပွဲစဉ်များအား ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်၍ အားကစားဝါသနာရှင်များအနေဖြင့် မည်သူမဆို အခဲ့မဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်းသိရသည်။