လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ဌာနခွဲ(၄)ခု တို့မှ အရာထမ်း/ အမှုထမ်းများနှင့် ဝန်ထမ်းများ၏ ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကျင်းပ
နေပြည်တော်၊ ဒီဇင်ဘာ (၂၆)။
၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၂၆)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ဌာနခွဲ(၄)ခု တို့မှ အရာထမ်း/ အမှုထမ်းများနှင့် ဝန်ထမ်းများ၏ ဆန္ဒဖော်ထုတ်ပွဲကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် လူငယ်ရေးရာဦးစီးဌာန စတင်တည်ထောင်ချိန်မှစ၍ ယခုအချိန်ထိ (၂)နှစ်တာကာလအတွင်း မိမိတို့ဦးစီးဌာနအနေဖြင့် တိုးတက်မှုများ၊ အောင်မြင်မှုအထိုက် အလျောက်ရရှိခဲ့ပြီး မိမိတို့ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ကျင်းပပြုလုပ်ခဲ့သည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများမှတဆင့် လူငယ်စကားဝိုင်းများ၊ အသက်မွေး ဝမ်းကျောင်းသင်တန်းများ၊ လူငယ်လေ့လာရေးအစီအစဉ်များမှတဆင့် အခြားသောဝန်ကြီးဌာန၊ ဦးစီးဌာနများမှလည်း မိမိတို့ဌာနနှင့် ပတ်သက်၍ သိရှိလာပြီဖြစ်ပါကြောင်း၊ ထို့ပြင် အာဆီယံလူငယ်အစီအစဉ်များတွင် မြန်မာလူငယ်များ ပါဝင်ဆောင် ရွက်နိုင်ရေး အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဦးစီးဌာနရှိ ဝန်ထမ်းများအားလုံးမှလည်း ရုံးလုပ်ငန်းတာဝန်များကို ယခုအောင်မြင်မှုအခြေအနေနှင့် ကျေနပ်မနေကြဘဲ ခံယူချက်ကောင်းကောင်းဖြင့် ဟန်ချက်ညီစွာ ကြိုးစားလုပ်ကိုင်သွားမှသာ မိမိတို့ဌာနကြီး ပိုမိုတိုးတက်အောင်မြင်မည် ဖြစ်ပါကြောင်း၊ ကျင်းပပြီးစီးခဲ့သည့် “လူငယ်နှင့်စာပေအနုပညာပြပွဲ” အခမ်းအနားကိုလည်း ဝန်ထမ်းများအားလုံး တက်တက်ကြွကြွ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့သည်ကို တွေ့ရှိခဲ့ရပြီး အခမ်းအနား/ အစီအစဉ်
တစ်ခုပြီးတိုင်း အားသာချက်/ အားနည်းချက်များကို ပြန်လည်သုံးသပ်၍ နောက်တစ်ကြိမ်တွင် ယခုထက်ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ နောင်လာမည့် အခမ်းအနား/အစီအစဉ်များတွင်လည်း မိမိတို့အနေဖြင့် ယခုထက် ကောင်းမွန် သည့် ပြင်ဆင်ပံ့ပိုးမှုများ ပေးအပ်နိုင်ရေး ကြိုးစားသွားရမည်ဖြစ်ပါကြောင်း၊ လာမည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၁၇)ရက်နေ့တွင် “လူငယ်အလုပ်ရုံဆွေးနွေးပွဲ” ကျင်းပပြုလုပ်သွားမည် ဖြစ်သည့် အတွက် ဌာနခွဲများအလိုက် ကော်မတီများ၊ ဆပ်ကော်မတီများ ဖွဲ့စည်းထားရှိပြီး ဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် ဝန်ထမ်းများအနေဖြင့် ပေးအပ်ထားသည့် တာဝန်များကို ပူးပေါင်း၍လုပ်ဆောင်သွားရန် လိုအပ်ပါကြောင်း၊ အသင်းအဖွဲ့/ကော်မတီများဖြင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိအောင်ကြိုးစားရန်လိုအပ်ကြောင်း ပြောကြားခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ၊ လမ်းညွှန်ချက်များ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှတဆင့် ညွှန်ကြားထားသည့် ညွှန်ကြားချက်များ၊ လမ်းညွှန်ချက်များအား တက်ရောက်လာကြသည့် ဝန်ထမ်းများအား အသိပေးပြောကြား၍ လိုက်နာဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။
ဆက်လက်ပြီး ညွှန်ကြားရေးမှူး(စီမံ/ဘဏ္ဍာဌာနခွဲ) မှ ယခင်(၁၃.၉.၂၀၂၃) ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ဝန်ထမ်းများဆန္ဒဖော်ထုတ်ပွဲ၏ ဆုံးဖြတ်ချက်များအပေါ် အကောင် အထည်ဖော်ဆောင်ရွက်နိုင်မှုများအား ဆွေးနွေးတင်ပြခဲ့ပြီးနောက် ဌာနခွဲအသီး သီးမှ အရာထမ်း/ အမှုထမ်းများမှ ဆွေးနွေးတင်ပြခဲ့သည့် အချက်များအပေါ် ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ဖြည့်စွက်ဆွေးနွေးပေးခဲ့ပါသည်။
နိဂုံးချုပ်အနေဖြင့် ဒုတိယညွှန်ကြားရေးမှူးချုပ်မှ လာမည့်နှစ်သစ်တွင် မိမိတို့ဌာနကြီး ဒီထက်မက ပိုမိုတိုးတက်အောင်မြင်အောင် ဝန်ထမ်းများအားလုံးက ပျော်ပျော် ရွှင်ရွှင်စည်းလုံးညီညွှတ်စွာ ကြိုးစားလုပ်ကိုင်သွားကြရန် လိုအပ်ပါကြောင်းနှင့် အားလုံးမှ လည်း ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့ပြီးနောက် ဝန်ထမ်းများဆန္ဒဖော်ထုတ်ပွဲကို နေ့လည်(၁၁:၃၀)နာရီအချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါ သည်။
ယနေ့ကျင်းပပြုလုပ်ခဲ့သော လူငယ်ရေးရာဦးစီးဌာန ဝန်ထမ်းများဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် ဌာနခွဲ(၄)ခုတို့မှ အရာထမ်း/အမှုထမ်း စုစုပေါင်း(၉၇)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။


