အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပွဲတော်သို့ ကျောင်းသားလူငယ်/မောင်မယ်များနှင့် မိဘပြည်သူများ ပျော်ပျော်ရွှင်ရွှင်ဖြင့် စည်ကားသိုက်မြိုက်စွာ လာရောက်ကြည့်ရှုလေ့လာ

နေပြည်တော်၊ ဒီဇင်ဘာ(၂၂)။

လူငယ်နှင့်စာပေအနုပညာပွဲတော်ကို နိုင်ငံသားတိုင်းက အထွတ်အမြတ်ထားရသည့် လွတ်လပ်ရေးနေ့နှင့် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကြောင်းများကိုသိရှိစေရန်၊ လူငယ်များအတွင်း နိုင်ငံချစ်စိတ် မျိုးချစ်စိတ်ဓာတ်များ မြင့်မားလာစေရန်၊ စာပေနှင့်အနုပညာစွမ်းအားဖြင့် အသိပညာဗဟုသုတကြွယ်ဝပြီး မှန်ကန်သည့်အတွေးအခေါ်အယူအဆများနှင့် နိုင်ငံတည်ဆောက်ရေးလုပ်ငန်း များတွင် အုတ်တစ်ချပ်၊ သဲတစ်ပွင့်အဖြစ် ပါဝင်ပူးပေါင်းဆောင်ရွက်လာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပသည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့် စာပေအနုပညာပွဲတော်ကို “ပြည်ထောင်စုအကျိုးသယ်ပိုးဖို့ အသိပညာမြှင့်တင်စို့” ဆိုသည့် ဆောင်ပုဒ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး ပွဲတော်တွင် ဝန်ကြီးဌာနများမှ ပြခန်းများ၊ ဖျော်ဖြေရေး အစီအစဉ်များ အနုပညာရှင်များနှင့် ဆွေးနွေးပွဲများ၊ တိုင်းရင်းသားရိုးရာအစားအစာဆိုင်များနှင့် စာအုပ်အရောင်းဆိုင်များကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပလျက်ရှိသည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပွဲတော်တွင် ဝန်ကြီးဌာန(၁၆)ခုမှ ပြခန်းများ ခင်းကျင်းပြသထားမှုများကို ယနေ့နံနက်(၉)နာရီခွဲမှစ၍ ညနေ(၄)နာရီခွဲအထိ ကျောင်းသားလူငယ်/မောင်မယ်များနှင့် မိဘပြည်သူများ ပျော်ပျော်ရွှင်ရွှင်ဖြင့် စည်းကားသိုက်မြိုက်စွာ လာရောက်ကြည့်ရှုလေ့လာခဲ့သည်။

အဆိုပါ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပွဲတော်ကို ဒီဇင်ဘာ(၂၀)ရက်နေ့မှ (၂၂)ရက်နေ့အထိ နေ့စဉ်နံနက်(၉)နာရီခွဲမှ ညနေ(၄) နာရီခွဲအထိ စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။