၂၀၂၃ ခုနှစ်၊ (၆၄)ကြိမ်မြောက် ကမ္ဘောဇဖလားဂေါက်သီး ရိုက်ပြိုင်ပွဲ ဂုဏ်ပြုညစာစားပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
တောင်ကြီး၊ ဒီဇင်ဘာလ(၁၈)ရက်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သော ပြည်နယ်အတွင်း ဂေါက်သီးအားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် တောင်ကြီးဂေါက်ကလပ်တို့မှ ပူးပေါင်းကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ (၆၄)ကြိမ်မြောက် ကမ္ဘောဇဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ယနေ့ညနေ (၀၆း၀၀)နာရီအချိန်တွင် တောင်ကြီးဂေါက်ကလပ်၌ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်စိုး၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်အသင်းများမှ ဆုရအားကစားသမားများ၊ ဂေါက်သီးရိုက်အားကစားဝါသနာရှင်များတက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲတွင်ဆုရရှိသော ပြိုင်ပွဲဝင်အားကစားသမားများကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ၊ ဒုတိယတိုင်းမှူး နှင့်ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများက ဆုများအသီးသီးပေးအပ်ချီးမြှင့်သွားကာ စုပေါင်းတံခွန်စိုက်ဆုဖလား ရရှိသွားသော အောင်ပန်းအသင်းအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦအောင်ဇော်အေးမှ ပေးအပ်ချီးမြှင့်သွားကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်းသိရှိရပါသည်။