ပြည်နယ်/တိုင်းဒေသကြီးတို့တွင် ဒီဇင်ဘာအားကစားလ (တတိယပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲများကျင်းပပြုလုပ်
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရေး၊ ခန္ဓာကိုယ်သန်စွမ်းစေရေး၊ စိတ်နှလုံးရွှင်လန်းစေရေး ရည်ရွယ်ကာ “ စောစောအိပ်လို့ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့” ဆောင်ပုဒ်နှင့်အညီ ယနေ့နံနက်(၅:၀၀)နာရီအချိန်၌ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၌ ဒီဇင်ဘာအားကစားလ(တတိယပတ်)၌ လူထုလမ်းလျှောက်ပွဲပြုလုပ်ခဲ့ကြသည်။ ထိုသို့လူထုလမ်းလျှောက်ပွဲ ပြုလုပ်ရာတွင် ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)မှ ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား (၁၉၉)ဦးဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ စုရပ်မှတဆင့် တောင်သွားလမ်းတစ်လျှောက်စုပေါင်းလမ်းလျှောက်ခဲ့ကြကာ မြင်တော်သာလမ်းမတစ်လျှောက် စုပေါင်းလမ်းလျှောက်ခဲ့ကြကာ မြကန်သာပန်းခြံထဲ၌ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများမှ ကာယလေ့ကျင့်ခန်း အတွဲ(၁)(၂)နှင့် Fitness Dance ကိုယ်လက်လှုပ်ရှားအားကစား သွေးပူလေ့ကျင့်ခန်းတို့ကို သရုပ်ပြသခဲ့ရာ ပြည်သူများက ကိုယ်လက်လှုပ်ရှားအားကစားများ စုပေါင်းဆောင်ရွက်ခဲ့ပါသည်။
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ဒီဇင်ဘာလ လူထုစုပေါင်းလမ်းလျှောက်ပွဲ တတိယ အပတ်ကို ယနေ့နံနက်ခင်း( ၅:၃၀) နာရီ၌ စတင်ဆင်နွှဲခဲ့ကြသည်။ မြစ်သားမြို့ ရွှေမုဠော ဘုရားအနောက်ဘက်မုဒ်တွင် စုရပ်နေရာ ပြုလုပ်ခဲ့ပြီး လမ်းလျှောက်ပွဲပါဝင်ဆင်နွှဲသူ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ အပါအဝင် ပြည်သူ(၁၇၀)ကျော်ပါဝင်ခဲ့သည်။ အဆိုပါလမ်းလျှောက်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များတို့က ဦးဆောင်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ် အားကစားမှူးနှင့်အား/ကာဝန်ထမ်းများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ ၊ မြို့ခံ ရပ်မိရပ်ဖ ဒေမသခံပြည်သူများနှင့် ကျောင်းသား/သူများသည် သက်မှတ်စုရပ်နေရာတွင် ရောက်ရှိနေရာယူ၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကာ လမ်းလျှောက်ပွဲကို စတင်ဆင်နွှဲကြသည်။ စုရပ်နေရာမှစတင်၍ လူထုစုပေါင်းလမ်းလျှောက်ခြင်းကို ပျော်ရွှင်စွာစုပေါင်းဆင်နွှဲ၍ ရွှေမုဠော ရင်ပြင်သို့ ရောက်ရှိလာကြကာ ကိုယ်လက်လှုပ်ရှား ကြံ့ခိုင်မှုလေ့ကျင့်ခန်းများနှင့် physical fitness dance လှုပ်ရှားမှုများကို ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။
တနင်္သာရီတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရေးနှင့် လမ်းလျှောက်ခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများကို ရည်ရွယ်၍ ၂၀၂၃ ခုနှစ် ၊ ဒီဇင်ဘာအားကစားလ(တတိယပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲ နှင့် အားကစားပြိုင်ပွဲများကို ယနေ့နံနက် ၀၆:၁၅ နာရီအချိန်က ထားဝယ်မြို့ရွှေဝယ်သီရိအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ လူထုစုပေါင်းလမ်းလျှောက်ပွဲကို တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ တနင်္သာရီတိုင်းဒေသကြီး တရားလွတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ထားဝယ်ပညာရေးဒီဂရီကောလိပ်၊ အခြေခံပညာအထက်တန်းကျောင်းနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ စုစုပေါင်းလူဦးရေ (၁၃၀၀)ခန့် တက်ရောက်ခဲ့ကြပြီး ထားဝယ်မြို့ ရွှေဝယ်သီရိ အားကစားကွင်းတွင် နံနက်(၀၆:၁၅)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က လူထုစုပေါင်းလမ်းလျှောက်ပွဲကို တာလွှတ်ပေးကာ ရွှေဝယ်သီရိအားကစားကွင်း Synthetic ပြေးလမ်းပေါ်၌ စုပေါင်းလမ်းလျှောက်ခြင်း၊ စုပေါင်းကိုယ်လက် ကြံ့ခိုင်ရေးလေ့ကျင့်ခန်း အစီအစဉ် အတွဲ(၁)နှင့် (၂)နှင့် Physical Fitness Dance လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊ ပျော်ပွဲရွှင်ပွဲများအဖြစ် ဘောလုံးပစ်အားကစားပြိုင်ပွဲကို ကျင်းပပေးခဲ့ပြီး တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကာ လမ်းလျှောက်ပွဲသို့ ပါဝင်ဆင်နွှဲကြသူများ အားလုံးကို ရေသန့်နှင့် မုန့်များ ပေးဝေခဲ့ပါသည်။
ဒီဇင်ဘာ တတိယအပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ ကျောင်းသား/ကျောင်းသူများနှင့် ပြည်သူလူထုများ လမ်းလျှောက်ပွဲအား အင်အား(၁၁၀၀)ဦး ပါ၀င်ဆင်နွှဲကြ၍ ပိုးတန်းအားကစားကွင်းတွင်သွေးပူလေ့ကျင့်ခန်း အတွဲ(၁+၂)နှင့် Fitness Dance လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ပါကြောင်းနှင့် ဘော်လီဘောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအား ဆက်လက်ကျင်းပပြုလုပ်ခဲ့ပါသည်။
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့်ကျန်းမာကြံ့ခိုင်သော အနာဂတ်လူငယ်များ ဖြစ်လာစေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ် ၊ ဧရာဝတီတိုင်းဒေသကြီး ၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် ဒီဇင်ဘာလူထုစုပေါင်းလမ်းလျှောက်ပွဲကို ရေကြည်မြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးဦးဘိုဘိုထွန်း ဦးဆောင်လျက် ဌာနဆိုင်ရာများ၊ ပညာရေးမိသားစုများနှင့် အားကစားဝါသနာရှင်မိဘပြည်သူများစုပေါင်း၍ နံနက်(၅:၀၀)နာရီ အချိန်၌ မြို့နယ်ထွေအုပ်ရုံးရှေ့၌ စုရပ်ပြုလုပ်ကာ နံနက်(၅:၃၀)နာရီ အချိန်တွင်တာထွက်၍မြို့တစ်ပတ်တစ်ပျော်တစ်ပါးစုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ရေကြည်မြို့နယ်အားကစားကွင်းအတွင်းသို့ ပန်းဝင်ကာ EIM “ ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး” အစီအစဉ်ဖြင့် ကိုယ်လက်ကြံခိုင်မှုလေ့ကျင့်ခန်း အတွဲ ၁ ၊၂ ပြုလုပ်ခြင်း၊ Fitness Dance အကများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ကြပါသည်။