အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်နယ်/တိုင်းဒေသကြီးတို့တွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (ဒုတိယအပတ်) လူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲများ ကျင်းပပြုလုပ်

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင် ဒီဇင်ဘာလ လူထုစုပေါင်းလမ်းလျှောက်ပွဲ ဒုတိယအပတ်ကို ယနေ့နံနက်ခင်း(၅:၃၀)နာရီ၌ စတင်ဆင်နွှဲခဲ့ကြသည်။ မြစ်သားမြို့ ရွှေမုဠော ဘုရားအနောက်ဘက်မုဒ်တွင် စုရပ်နေရာ ပြုလုပ်ခဲ့ပြီး လမ်းလျှောက်ပွဲပါဝင်ဆင်နွှဲသူ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ဝန်ထမ်းများအပါအဝင် ပြည်သူ (၁၅၀)ကျော် ပါဝင်ခဲ့သည်။ အဆိုပါလမ်းလျှောက်ပွဲတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များတို့က ဦးဆောင်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူးနှင့်အား/ကာဝန်ထမ်းများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ ၊မြို့ခံ ရပ်မိရပ်ဖ ဒေမသခံပြည်သူများနှင့် ကျောင်းသား/သူများသည် သက်မှတ်စုရပ်နေရာတွင် ရောက်ရှိနေရာယူ၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကာ လမ်းလျှောက်ပွဲကို စတင်ဆင်နွှဲကြသည်။ စုရပ်နေရာမှစတင်၍ လူထုစုပေါင်းလမ်းလျှောက်ခြင်းကို ပျော်ရွှင်စွာစုပေါင်းဆင်နွှဲ၍ ရွှေမုဠော ရင်ပြင်သို့ ရောက်ရှိလာကြကာ ကိုယ်လက်လှုပ်ရှား ကြံ့ခိုင်မှုလေ့ကျင့်ခန်းများနှင့် physical fitness dance လှုပ်ရှားမှုများကို ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။

ဧရာဝတီတိုင်းဒေသကြီး ၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် ဒီဇင်ဘာလူထု စုပေါင်းလမ်းလျှောက်ပွဲကို ရေကြည်မြို့နယ် အုပ်ချုပ်ရေးမှူးဦးသန်းချစ်အေး ဦးဆောင်လျက် ဌာနဆိုင်ရာများ၊ ပညာရေးမိသားစုများနှင့်အားကစားဝါသနာရှင်မိဘပြည်သူများစုပေါင်း၍နံနက် ၅:၀၀နာရီ အချိန်၌ မြို့နယ်ထွေအုပ်ရုံးရှေ့၌ စုရပ်ပြုလုပ်ကာ နံနက်(၅:၃၀)နာရီ အချိန်တွင်တာထွက်၍ မြို့တစ်ပတ်တစ်ပျော်တစ်ပါးစုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ရေကြည်မြို့နယ်အားကစားကွင်းအတွင်းသို့ ပန်းဝင်ကာ EIM “ ကိုယ်လက်လှုရှားဆေးတစ်ပါး” အစီအစဉ်ဖြင့် ကိုယ်လက်ကြံခိုင်မှုလေ့ကျင့်ခန်း အတွဲ ၁ ၊ ၂ ပြုလုပ်ခြင်း၊ Fitness Dance အကများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ကြပါသည်။ အဆိုပါလူထုစုပေါင်းလမ်းလျောက်ပွဲသို့အင်အား (၅၀၇)ဦး စုပေါင်းဆင်နွှဲခဲ့ကြပါသည်။

၂၀၂၃ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး ဒီဇင်ဘာလူထုအားကစားလ (ဒုတိယအပတ်) စုပေါင်းလမ်းလျှောက်ပွဲကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်ဦး၊ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦး၊ ဥပဒေချုပ် ဦးခင်မောင်တင့်၊ အတွင်းရေးမှူး ဦးအေးမောင်ကြည်တို့ ဦးဆောင်၍ အစိုးရအဖွဲ့မှတာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ကျောင်းသား/သူများ၊ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရပ်ကွက်နေပြည်သူများနှင့်အတူ ဒီဇင်ဘာလ(၉)ရက်နေ့ ၊ နံနက် (၅:၀၀)နာရီအချိန် ပဲခူးမြို့တွင် ကျင်းပပြုလုပ်သည့် ဒီဇင်ဘာလူထုအားကစားလ (ဒုတိယအပတ်)စုပေါင်းလမ်းလျှောက်ပွဲကို ပါဝင်ဆင်နွှဲခဲ့ကြပါသည်။ ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေး ရာဝန်ကြီး ဦးအောင်ဝင်းဦးသည် ဒီဇင်ဘာလူထုအားကစားလ (ဒုတိယအပတ်) စုပေါင်းလမ်းလျှောက်ပွဲကို သေနတ်ဖောက်၍ စတင်တာလွှတ်ပေးခဲ့ပြီး ပဲခူးမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းရှေ့မှစ၍ တောင်ငူလမ်း၊ ရှင်စောပုလမ်း၊ ရွှေမော်ဓောဘုရားလမ်း၊ ဟင်္သာလမ်းမှ ဟံသာဝတီဘောလုံးကွင်းအထိ စုပေါင်းလမ်းလျှောက်ကြပြီး ဘောလုံးကွင်းအတွင်း၌ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်း အတွဲ (၁/၂)နှင့် physical Fitness Dance လေ့ကျင့် ခန်းများ တပျော်တပါးပြုလုပ်ခဲ့ကြပါသည်။ အဆိုပါ ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲသို့ စုစုပေါင်းအင်အား(၂၀၀၀၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး လမ်းလျှောက်ပွဲပါဝင်ဆင်နွှဲသူများအား တိုင်းဒေသကြီး ပြည်တွင်းအခွန်ဦးစီးဌာနနှင့် ပဲခူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုများက နို့စိမ်းခေါက်ဆွဲ၊ ကောက်ညှင်းပေါင်းနှင့် လက်ဘက်ရည်များဖြင့်ကျွေးမွေးဧည့်ခံခဲ့ကြပြီး ဒီဇင်ဘာလူထုအားကစားလ (ဒုတိယအပတ်) စုပေါင်းလမ်းလျှောက်ပွဲကို အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် ဒီဇင်ဘာအားကစားလ (ဒုတိယပတ်)လူထု စုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွဲ

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ ပြည်သူလူထု ကျန်းမာကြံ့ခိုင်စေရန်၊ ရောဂါကြိုတင်ကာကွယ်နိုင်ရန်နှင့် သက်တမ်းစေ့နေနိုင်ရန်၊ အမျိုးသားအားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် ပြည်သူလူထုပါဝင်သည့် အားစားလှုပ်ရှားမှုများ ပိုမိုဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်၍ ဒီဇင်ဘာလူထုအားကစား စုပေါင်းလမ်းလျှောက်ပွဲများကို နိုင်ငံတစ်ဝန်းတွင် ကျင်းပလျက်ရှိသည့်နည်းတူ မကွေးတိုင်းဒေသကြီး ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီခွဲက တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးရှေ့၌ ကျင်းပရာ စုပေါင်းလမ်းလျှောက်ပွဲသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တက္ကသိုလ်/ဒီဂရီ ကောလိပ်များမှဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။

ရှေးဦးစွာ တိုင်း‌ဒေသကြီး ဝန်ကြီးချုပ်က သေနတ်ပစ်ဖောက်၍ လမ်းလျှောက်ပွဲကို ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးရှေ့မှ စတင်ကာ ဗိုလ်ချုပ်လမ်းအတိုင်း၊ ထိုမှတစ်ဆင့် ပြည်တော်သာလမ်း၊ မေတ္တာလမ်းနှင့် အ.ထ.က(၁)လမ်းအတိုင်း စုပေါင်းလမ်းလျှောက်ကြပြီး မကွေးခရိုင် အားကစားကွင်းတွင် ကိုယ်ကာကယကြံ့ခိုင်မှုလေ့ကျင်ခန်း အတွဲ(၁)နှင့် အတွဲ(၂)၊ Physical Fitness Dance တို့ကို တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက သရုပ်ပြသပေးခဲ့ရာ စုပေါင်းကိုယ်လက် ကြံခိုင်ရေး လေ့ကျင့်ခန်းအစီအစဉ် အတွဲအမှတ် (၁)နှင့် အမှတ်(၂)၊ Physical Fitness Dance တို့ကို စုပေါင်းလမ်းလျှောက်ပွဲတွင် ပါဝင်ကြသူများက တက်ကြွစွာ ပါဝင်ဆောင်ရွက်ကာ၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းလမ်းလျှောက်သူများအား စားသောက်ဖွယ်ရာ မုန့်နှင့် ရေသန့်ဘူးများ ဖြန့်ဝေပေးခဲ့သည်။

စုပေါင်းလမ်းလျှောက်ပွဲသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုး သမီးအားကစားအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ၊ တက္ကသိုလ်/ဒီဂရီ ကောလိပ်များမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား ခုနှစ်ထောင်ကျော် ပါဝင်ဆင်နွှဲခဲ့ပြီးနာက် လူထုစုပေါင်း စက်ဘီးစီးနင်းပွဲကို သေနတ်ပစ်ဖောက်ဖွင့်လှစ်ပေးခဲ့ကာ ပန်းဝင်သူများအား ဗလာမပါကံစမ်းမဲများ ဖောက်ပေးခဲ့ပါသည်။ ထို့နောက် Physical Fitness Dance အကပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးခဲ့ပါသည်။

မွန်ပြည်နယ်တွင် ဒီဇင်ဘာ လူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးဒီဂရီကောလိပ်၊ အားကစားနှင့်ကာယသိပ္ပံလေ့ကျင့်ရေးကျောင်း(မော်လမြိုင်) နှင့် အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းသား/ကျောင်းသူများ၊ အားကစားလိုက်စားသူ အများပြည်သူများ စုရပ်ဖြစ်သည့် ပြည်နယ်အစိုးရအဖွဲ့ရုံး မောရဝတီပန်းခြံရှေ့မှ စတင်ပြီး၊ ဗဟိုလမ်းတစ်လျှောက်နှင့် ကမ်းနားလမ်းတစ်လျှောက် မြစ်ကမ်းသာ ရေပေါ်အားကစားကွင်းသို့ တပျော်တပါး စုပေါင်းလမ်းလျှောက်ပွဲကို ပါဝင်ဆင်နွှဲခဲ့ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်သူများသည် မြစ်ကမ်းသာ ရေပေါ်အားကစားကွင်းတွင် သွေးပူလေ့ကျင့်ခန်း အတွဲအမှတ်(၁)နှင့်အတွဲအမှတ်(၂)၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ အတူတကွ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။ နေ့ချင်းပြီး စားပွဲတင်တင်းနစ်ပြိုင်ပွဲကို ပြည်နယ်စားပွဲတင် တင်းနစ်ရုံတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေး၊ ခန္ဓာကိုယ်သန်စွမ်းစေရေး၊ စိတ်နှလုံးရွှင်လန်းစေရေး ရည်ရွယ်ကာ “ စောစာအိပ်လို့စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့” ဆောင်ပုဒ်နှင့်အညီ ယနေ့ (၉.၁၂.၂၀၂၃)ရက်နေ့ နံနက်(၅:၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၌ ဒီဇင်ဘာအားကစားလ (ဒုတိယ)အပတ်၌ လူထုလမ်းလျှောက်ပွဲ ကျင်းပခဲ့ကြသည်။ ထိုသို့ လူထုလမ်းလျှောက်ပွဲပြုလုပ်ရာတွင် ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့(၁)မှ ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်နေပြည်သူများ စုစုပေါင်း အင်အား(၂၀၀)ဦးဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ စုရပ်မှတစ်ဆင့် မြင်တော်သာလမ်းမတလျှောက် စုပေါင်းလမ်းလျှောက်ခဲ့ကြကာ မြကန်သာပန်းခြံထဲ၌ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများမှ ကာယလေ့ကျင့်ခန်း အတွဲ(၁)၊ အတွဲ(၂)နှင့် Fitness Dance ကိုယ်လက်လှုပ်ရှား အားကစား သွေးပူလေ့ကျင့်ခန်းတို့ကို သရုပ်ပြသခဲ့ရာ ပြည်သူများက ကိုယ်လက်လှုပ်ရှားအားကစားအား စုပေါင်းဆောင်ရွက်ခဲ့ပါသည်။

မုံရွာမြို့တွင် ဒီဇင်ဘာ လူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဉီးမြတ်ကျော်နှင့်ဇနီး၊ တရားသူကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်း/ခရိုင်/မြို့နယ် ဌာနဆိုင်များနှင့် ဝန်ထမ်းမိသားစုများ၊ တက္ကသိုလ်ကောလိပ်များမှ ဆရာ/ဆရာမများ ကျောင်းသား/သူများနှင့်ဒေသခံပြည်သူများပျော်ရွှင်စွာပါဝင်ဆင်နွှဲကြကြောင်းသိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲ

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် နှစ်စဉ် ဒီဇင်ဘာလအား လူထုအားကစားလအဖြစ် သတ်မှတ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူထုစုပေါင်းလမ်းလျှောက်ပွဲများ၊ စုပေါင်းကိုယ်လက် ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ၊ ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများ၊ Physical Fitness Dance များ စုပေါင်း ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလလူထုအားကစားလှုပ်ရှားမှုအဖြစ် စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့ နံနက်ပိုင်းက စစ်တွေမြို့၊ ဓညဝတီအားကစားကွင်း၌ ကျင်းပသည်။

စုပေါင်းလမ်းလျှောက်ပွဲကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက စတင်ဖွင့်လှစ်ပေးပြီး ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူ လမ်းလျောက်ပွဲကိုပါဝင်ဆင်နွှဲကြသည်။

ရခိုင်ပြည်နယ် ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို စစ်တွေမြို့ ဓညဝတီ အားကစားကွင်းတွင် စုပေါင်းဆောင်ရွက်ခဲ့ကြပြီး အားကစားကွင်းပွဲကြည့်စင်ရှေ့၌ စုပေါင်းကိုယ်လက် ကြံခိုင်ရေးလေ့ကျင့်ခန်း အစီအစဉ် များကို ပြုလုပ်ခဲ့ကြသည်။

ယနေ့ စုပေါင်းလမ်းလျှောက်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုစုပေါင်း အင်အား (၃၀၀) ကျော်ခန့်ပါဝင်ဆင်နွှခဲ့ကြ ကြောင်းသိရသည်။

စစ်တွေမြို့၌ ဒီဇင်ဘာလတွင် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစား လှုပ်ရှားမှုများကိုဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။