အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

တနင်္သာရီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီမှကြီးမှူး၍ ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် ပြေးခုန်ပစ်အားကစားပြိုင်ပွဲကျင်းပ

ထားဝယ်၊ ဒီဇင်ဘာလ(၂)ရက်။

တနင်္သာရီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီမှကြီးမှူး၍ ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မသန်စွမ်းသူများ ပြေးခုန်ပစ်အားကစားပြိုင်ပွဲကို (၁.၁၂.၂၀၂၃)ရက်နေ့မှ (၂.၁၂.၂၀၂၃) ရက်နေ့အထိ ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြိုင်ပွဲသို့ တနင်္သာရီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား/ ကျောင်းသူများ၊ မသန်စွမ်းအားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက် ကြည့်ရှုအားပေးခဲ့ပါသည်။

ပြေးခုန်ပစ်အားကစားပြိုင်ပွဲများအဖြစ် သံလုံးပစ်၊ သံပြားပစ်၊ လှံတံပစ်၊ အလျားခုန်၊ မီတာ (၁၀၀)ဒူးအောက်ပြတ်၊ မီတာ(၁၀၀) ဒူးအထက်ပြတ်၊ မီတာ(၅၀)ဒူးအောက်ပြတ်၊ မီတာ(၅၀) ဒူးအထက်ပြတ် ပြိုင်ပွဲများကို အစီအစဉ်အတိုင်းကျင်းပပြုလုပ်ခဲ့ပြီး မသန်စွမ်းအားကစားသမား (၂၄)ဦးပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။

ပြိုင်ပွဲအပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသား ဒူးအောက်ပြတ် မီတာ(၅၀)ပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား တစ်ဦးချင်းဆုနှင့် ငွေသားဆုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုကလည်းကောင်း၊ လှံတံပစ်ပြိုင်ပွဲတွင် ဆုရရှိသူများအား တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးကလည်းကောင်း၊ အမျိုးသား ဒူးအထက်ပြတ် မီတာ(၅၀)ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းမင်းလတ်ကလည်းကောင်း၊ သံပြားဝိုင်းပစ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးကလည်းကောင်း၊ အလျားခုန် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား သယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်ကလည်းကောင်း၊ သံလုံးပစ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကလည်းကောင်း၊ အမျိုးသား ဒူးအောက်ပြတ် မီတာ(၁၀၀)ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြင့်ထွန်းကလည်းကောင်း၊ အမျိုးသား ဒူးအထက်ပြတ် မီတာ(၁၀၀)ပြိုင်ပွဲတွင် ဆုရရှိသူများအား တိုင်းဒေသကြီး ဥပဒေချုပ် ဦးအုန်းသန်းကလည်းကောင်း ဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ပါသည်။

ယနေ့ကျင်းပပြုလုပ်သော မသန်စွမ်းအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်သည့် အားကစားသမားများအတွက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်ငွေ (၁၂)သိန်းကျပ်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများက (၆၃ဝဝဝဝိ/-) ကျပ် ချီးမြှင့် ခဲ့ပြီး တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ပထမတစ်ဆုလျှင် (၅ဝဝဝဝိ/-)ကျပ်၊ ဒုတိယတစ်ဆုလျှင် (၃ဝဝဝဝိ/-)ကျပ်၊ တတိယတစ်ဆုလျှင် (၂ဝဝဝဝိ/-)ကျပ်နှုန်းဖြင့် ချီးမြှင့်ပေးအပ်ခဲ့ပါသည်။