အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံ ရေကူးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော အမျိုးသား/အမျိုးသမီး သက်တမ်းအလိုက် ရေကူးပြိုင်ပွဲ နှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

ရန်ကုန်၊ နိုဝင်ဘာလ(၂၆)ရက်။

မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော အမျိုးသား/ အမျိုးသမီး သက်တမ်းအလိုက် ရေကူးပြိုင်ပွဲ ကို ယနေ့နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်း အမျိုးသားရေးကူးကန် ၌ ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်၊ မြန်မာနိုင်ငံရေကူး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဦးကျော်ဦး၊ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌများနှင့် အမူဆောင်များ၊ ဒိုင်လူကြီးများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

ယနေ့ပြိုင်ပွဲတွင် အမျိုးသား/အမျိုးသမီး(၈)နှစ်အောက် မီတာ(၅၀)အလွတ်ကူးပြိုင်ပွဲများ၊ အမျိုးသမီး (၉)နှစ်နှင့်(၁၀)နှစ် မီတာ(၂၀၀)အလွတ်ကူးပြိုင်ပွဲများ၊ အမျိုးသား/အမျိုးသမီး (၁၁)နှစ်နှင့် (၁၂)နှစ် မီတာ (၂၀၀) အလွတ်ကူး ပြိုင်ပွဲများ၊ အမျိုးသား(၁၃)နှစ်နှင့် (၁၄)နှစ် မီတာ(၁၀၀) အလွတ်ကူး ပြိုင်ပွဲများ၊ အမျိုးသား(၁၇)နှစ်နှင့်အထက် မီတာ(၁၀၀)လိပ်ပြာကူးပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး(၈)နှစ်အောက် မီတာ(၂၅)လိပ်ပြာကူးပြိုင်ပွဲများ၊ အမျိုးသား/အမျိုးသမီး(၉) နှစ်နှင့် (၁၀)နှစ် မီတာ(၅၀) လိပ်ပြာကူးပြိုင်ပွဲများ၊ အမျိုးသား/အမျိုးသမီး(၁၁) နှစ်နှင့် (၁၂)နှစ် မီတာ(၅၀) လိပ်ပြာကူးပြိုင်ပွဲများ၊ အမျိုးသား(၁၅)နှစ်၊ (၁၆)နှစ်နှင့်(၁၇)နှစ် မီတာ(၂၀၀) အလွတ်ကူး ပြိုင်ပွဲများ၊ အမျိုးသမီး(၁၇)နှစ်နှင့် အထက် မီတာ(၂၀၀)အလွတ်ကူးပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး(၈)နှစ်အောက် မီတာ(၂၅) ရင်ဘောင်တန်းကူးပြိုင်ပွဲများ၊ အမျိုးသား/အမျိုးသမီး(၉)နှစ်နှင့် (၁၀)နှစ် မီတာ(၅၀)ရင်ဘောင်တန်းကူးပြိုင်ပွဲများ၊ အမျိုးသား/အမျိုးသမီး(၁၁)နှစ်နှင့်(၁၂)နှစ် မီတာ(၅၀) ရင်ဘောင်တန်းကူးပြိုင်ပွဲများ၊ အမျိုးသား/အမျိုးသမီး(၁၃)နှစ်နှင့်(၁၄)နှစ် မီတာ(၁၀၀)ရင်ဘောင်တန်းကူးပြိုင်ပွဲများ၊ အမျိုးသား/ အမျိုးသမီး (၁၅)နှစ် ၊ (၁၆)နှစ်နှင့်(၁၇)နှစ် မီတာ(၁၀၀)ရင်ဘောင်တန်းကူးပြိုင်ပွဲများ၊ အမျိုးသား (၁၇)နှစ်အထက် မီတာ(၁၀၀)ရင်ဘောင်တန်းကူးပြိုင်ပွဲများ၊ အမျိုးသား/အမျိုးသမီး (၁၇)နှစ်အထက် မီတာ(၂၀၀)တစ်ဦးချင်းလေးမျိုးကူးပြိုင်ပွဲများ၊ အမျိုးသား/အမျိုးသမီး (၈)နှစ်အောက် မီတာ(၂၅) ပက်လက်ကူးပြိုင်ပွဲများ၊ အမျိုးသား/အမျိုးသမီး (၉)နှစ်နှင့်(၁၀)နှစ် မီတာ(၅၀)ပက်လက်ကူးပြိုင်ပွဲများ၊ အမျိုးသား/အမျိုးသမီး(၁၁)နှစ်နှင့်(၁၂)နှစ် မီတာ(၅၀)ပက်လက် ကူးပြိုင်ပွဲများ၊ အမျိုးသား/ အမျိုးသမီး(၁၃)နှစ်နှင့်(၁၄)နှစ် မီတာ(၁၀၀)ပက်လက်ကူးပြိုင်ပွဲများ၊ အမျိုးသား (၁၅)နှစ် ၊ (၁၆)နှစ်နှင့် (၁၇)နှစ် မီတာ(၁၀၀)ပက်လက်ကူးပြိုင်ပွဲများ၊ အမျိုးသား/အမျိုးသမီး(၁၇)နှစ်အထက် မီတာ(၁၀၀) ပက်လက်ကူးပြိုင်ပွဲများ၊ အမျိုးသား/အမျိုးသမီး(၈)နှစ်အောက် မီတာ(၂၅)အလွတ်ကူးပြိုင်ပွဲများ၊ အမျိုးသား/အမျိုးသမီး (၉)နှစ်နှင့်(၁၀)နှစ် မီတာ(၅၀)အလွတ်ကူးပြိုင်ပွဲများ၊ အမျိုးသား/အမျိုးသမီး (၁၁)နှစ်နှင့်(၁၂)နှစ် မီတာ(၅၀)အလွတ်ကူးပြိုင်ပွဲများ၊ အမျိုးသား/အမျိုးသမီး (၁၃)နှစ်နှင့်(၁၄)နှစ် မီတာ(၅၀)အလွတ်ကူးပြိုင်ပွဲများ၊ အမျိုးသား/အမျိုးသမီး (၁၅)နှစ်၊ (၁၆)နှစ်နှင့်(၁၇)နှစ် မီတာ(၅၀) အလွတ်ကူးပြိုင်ပွဲများ၊ အမျိုးသား (၁၇)နှစ်အထက် မီတာ(၅၀)အလွတ်ကူးပြိုင်ပွဲများ စုစုပေါင်းပွဲစဉ် (၅၁)ပွဲ အား ယှဉ်ပြိုင်ကစားရာ သက်တမ်းအလိုက် ပထမ၊ ဒုတိယနှင့်တတိယဆုရရှိကြသူများကို ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဥပဒေချုပ်ဦးဌေးအောင်၊ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဦးကျော်ဦး၊ မြန်မာနိုင်ငံရေကူး အဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌများ နှင့်အမူဆောင်များက ဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။