အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

7th World Vovinam Championships ပြိုင်ပွဲတွင် မြန်မာဗိုဗီနမ်အသင်း ဆုတံဆိပ်ရရှိမှုအခြေအနေ

နေပြည်တော်၊ နိုဝင်ဘာ(၂၆)။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၅)ရက်နေ့မှ (၃၀)ရက်နေ့အထိ ဗီယက်နမ်နိုင်ငံတွင်ကျင်းပပြုလုပ်လျက်ရှိသည့် 7th World Vovinam Championships ပြိုင်ပွဲတွင် မြန်မာဗိုဗီနမ်အသင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ (၂၅)ရက်နေ့တွင် Four Element Staff Form ပြိုင်ပွဲ၌ တင်ထူးဇော်က ငွေတံဆိပ်(၁)ခုနှင့် 3Male, 3Female ပြိုင်ပွဲ၌ တင်ထူးဇော်၊ ကျော်သူစိုးအောင်၊ ဟိန်းထက်အောင်၊ ချစ်နိုဒီဆောင်း၊ မေဟန်နီအောင်လွင်၊ အိ‌န္ဒြေဖူးတို့က ငွေတံဆိပ်(၁)ခု စုစုပေါင်း ဆုတံဆိပ်(၂)ခု ဆွတ်ခူးရရှိထားကြောင်းသိရှိရပါသည်။

ဆက်လက်ပြီး (၂၆)ရက်နေ့ (၅၄)ကီလိုတန်း(အတိုက်ပြိုင်ပွဲ)တွင် မင်းမင်းထိုက်က ကြေးတံဆိပ်ဆု(၁)ခု၊ Female Self Defense (အပြပြိုင်ပွဲ)တွင် အောင်ခိုင်လင်း၊ ချစ်နိုဒီဆောင်းတို့အတွဲက ကြေးတံဆိပ်ဆု(၁)ခု၊ Pair Sword Form Male ပြိုင်ပွဲတွင် တင်ထူးဇော်၊ ကျော်သူစိုးအောင် တို့အတွဲက ကြေးတံဆိပ်ဆု(၁)ခု၊ Ying Yang Sword Form Male ပြိုင်ပွဲတွင် ဟိန်းထက်အောင်က ကြေးတံဆိပ်ဆု(၁)ခု၊ Ying Yang Sword Form Female ပြိုင်ပွဲတွင် မေဟန်နီအောင်လွင်က ငွေတံဆိပ်ဆု(၁)ခု ဆွတ်ခူးရရှိခဲ့ပြီး ဒုတိယနေ့ပြိုင်ပွဲများအပြီးတွင် မြန်မာအသင်းအနေဖြင့် ငွေတံဆိပ် (၃)ခု၊ကြေးတံဆိပ် (၄)ခု၊ စုစုပေါင်း ‌ဆုတံဆိပ်(၇)ခုရရှိထားကြောင်းသိရသည်။