အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ်ဥက္ကဌဖလား တင်းနစ်ပြိုင်ပွဲတွင် K-T-R-(A) အသင်း တံခွန်စိုက်ဖလားဆွတ်ခူး

ရန်ကုန်၊ နို၀င်ဘာ (၁၂ )။

မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ်ဥက္ကဌဖလား တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲများနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ည‌နေပိုင်းကရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူတင်းနစ်ကွင်း၌ကျင်းပသည်။

အဆိုပါ ဗိုလ်လုပွဲပြိုင်ပွဲများတွင် အမျိုးသားU-12, အမျိုးသမီး U-14, အမျိုးသားလူသစ်တန်းနှစ်ယောက်တွဲ၊ အမျိုးသမီးအလွတ်တန်းနှစ်ယောက်တွဲ၊ အမျိုးသားပထမတန်း၊ ဒုတိယတန်း၊ အသက်၅၀-၆၀နှစ်အထက်နှစ်ယောက်တွဲ၊ အသင်းလိုက်ပြိုင်ပွဲများယှဉ်ပြိုင်ကြရာ ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး၀န်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှညွှန်ကြား‌ရေးမှူးများ၊ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်ဥက္ကဌနှင့် အမှုဆောင်များ၊ တာ၀န်ရှိသူများတက်ရောက်ကြည့်ရှုအားပေးကြသည်။

ဗိုလ်လုပွဲအပြီး သက်တန်းအလိုက်အမျိုးသား၊ အမျိုးသမီးပထမ၊ ဒုတိယ၊ တတိယဆုရရှိကြ‌သော အားကစားသမာများအားတိုင်းဒေသကြီး၀န်ကြီးများ၊ တိုင်း‌ဒေသကြီးအားကစားနှင့်ကာယပညာကော်မတီဥက္ကဌ၊ ဥပဒေချုပ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြား‌ရေးမှူးများ၊ မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ်ဥက္ကဌနှင့် အမှုဆောင်များက တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုများချီးမြှင့်ကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က အသင်းလိုက်ပြိုင်ပွဲတွင် တတိယဆုရရှိသော အောင်လံအသင်း၊ ဒုတိယဆုရသော ရွှေမန်းတောင်အသင်း၊ ပထမဆုရ K-T-R-(A) အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများချီးမြှင့်ပြီး၊ အသင်းလိုက်ပြိုင်ပွဲတွင် တံခွန်စိုက်ဆုရရှိသွားသော K-T-R-(A) အသင်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆက်လက်ဆုများချီးမြှင့်ခဲ့ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးကြသည်။

ယင်းပြိုင်ပွဲကို နို၀င်ဘာ၆ရက်မှ ၁၂ရက်အထိ ကျင်းပခဲ့ပြီးပြိုင်ပွဲ၀င်အသင်း၂၀၊ အားကစားသမား၂၉၀ကျော် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။