အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒို (အမျိုးသား/အမျိုးသမီး) (ကကွက်)ပြိုင်ပွဲနှင့် တစ်ဦးချင်းဝိတ်တန်းအလိုက်(အတိုက်)ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော်၊ နိုဝင်ဘာ (၁၀)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် “ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ” ပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ဆက်လက်ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်းနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

ယနေ့ တိုက်ကွမ်ဒိုပြိုင်ပွဲ ပွဲစဉ်များအဖြစ် Pair (ကျား+မ)အတွဲလိုက်(ကကွက်)ပြိုင်ပွဲနှင့် (အမျိုးသား/အမျိုးသမီး) တစ်ဦးချင်း ဝိတ်တန်းအလိုက်(အတိုက်) ပြိုင်ပွဲများကိုယှဉ်ပြိုင်ကစားခဲ့ကြရာ Pair (ကျား+မ) အတွဲလိုက်(ကကွက်) ပြိုင်ပွဲ ပွဲစဉ်တွင် ဇော်ရိန်အောင်နှင့်လင်းလက်ကြယ်ဖြူတို့အတွဲ(ရန်ကုန်)က ပထမ၊ စောလုကာကျော်နှင့်သုကြယ်စင်တို့အတွဲ (မန္တလေး)က ဒုတိယ၊ မြင့်မြတ်ရွှေနှင့်အေးချမ်းမြတ်တို့အတွဲ (မွန်)က တတိယ၊ ဟိန်းယံထွန်းနှင့်နော်ခင်လှတို့အတွဲ(ရှမ်း)က ပူးတွဲတတိ ယတို့ဖြင့် အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြသည်။

(အမျိုးသမီး)တစ်ဦးချင်းအတိုက်(၄၀-၄၃)ကီလိုတန်းပြိုင်ပွဲ ပွဲစဉ်တွင် သူသူဟန်(ရန်ကုန်)က ပထမ၊ သော်သော်ဇင်(ကရင်)က ဒုတိယ၊ ရွှေမဉ္ဇူအောင်(ရှမ်း)က တတိယ၊ အိသဇင်(မန္တလေး)က ပူးတွဲတတိယ၊ အမျိုး သမီးတစ်ဦးချင်းအတိုက်(၄၃-၄၆)ကီလိုတန်းပြိုင်ပွဲ ပွဲစဉ်တွင် ထွေးထွေးမာ(မကွေး)က ပထမ၊ အိဖြူခိုင် (မန္တလေး)က ဒုတိယ၊ မြယွန်းပုံ(ပဲခူး)က တတိယ၊ အေးသန္တာကျော်(ကယား)က ပူးတွဲတတိယ၊ အမျိုးသမီးတစ်ဦးချင်းအတိုက်(၇၃)အထက် ကီလိုတန်းပြိုင်ပွဲ ပွဲစဉ်တွင် ခင်ပြည့်စုံ(ရန်ကုန်)က ပထမ၊ ရွှေရည်အောင် (မန္တလေး) က ဒုတိယ၊ မေထူးသျှန် (နေပြည်တော်)က တတိယတို့ဖြင့် အသီးသီးယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြသည်။

(၁၀.၁၁.၂၀၂၃)ရက်နေ့ နံနက်(၈)နာရီခွဲမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A) ၌ ပြည်နယ်နှင့်တိုင်း ဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ ပွဲစဉ်များအဖြစ်အမျိုးသား/ အမျိုး သမီး တစ်ဦးချင်း ဝိတ်တန်းအလိုက် (အတိုက်) ပြိုင်ပွဲများအား ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်၍ တိုက်ကွမ်ဒိုအားကစားနည်းကို စိတ်ပါဝင်စားသည့် မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့(အခမဲ့) လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။