အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း (၁၀)နှစ်မြောက် စုံညီနှစ်ပတ်လည် အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးဆပ်ကော်မတီ အစည်းအဝေးနှင့် မဟာဘုံကထိန် ဆက်ကပ်လှူဒါန်းရန် ညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်၊ နိုဝင်ဘာလ(၈)ရက်။

မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း (၁၀)နှစ်မြောက် စုံညီနှစ်ပတ်လည်အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးဆပ်ကော်မတီ အစည်းအဝေးနှင့် မဟာဘုံကထိန် ဆက်ကပ်လှူဒါန်းရန် ညှိနှိုင်းအစည်းအဝေးကို (၄.၁၁.၂၀၂၃)ရက်နေ့ နံနက်ပိုင်းတွင် အားကစားနှင့်ကာယပညာသိပ္ပံဝင်းအတွင်းရှိ အသင်း၏ အစည်းအဝေးခန်းမ၌ ကျင်းပရာ ဥက္ကဌဦးစိုးသိန်းနှင့် ဒုတိယဥက္ကဌများ၊ အတွင်းရေးမှူးနှင့် ကော်မတီအလိုက် မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများ တက်ရောက်ခဲ့ကြပါသည်။

ဦးစွာ အသင်းဥက္ကဌ ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် မဟာဘုံကထိန်ကို (၂၇.၁၁.၂၀၂၃)ရက်နေ့တွင် ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ပြီး (၁၀)နှစ်မြောက် စုံညီနှစ်ပတ်လည်နေ့ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(၂၃)ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း၊ အဆိုပါ အခမ်းအနားတို့နှင့်ပတ်သက်သည့် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအား အသေးစိတ်ဆွေးနွေး ပြောကြားပြီးနောက် အတွင်းရေးမှူး ဦးဇော်ဇော်မိုးက ဆောင်ရွက်သွားရမည့် လုပ်ငန်းများအတွက် တာဝန်ခွဲဝေထားရှိမှု စာရင်းများ ၊ ဖတ်ကြားတင်ပြအတည်ပြုချက်ရယူပြီးတက်ရောက်လာကြသော အမှုဆောင်များမှ အတည်ပြုဆုံးဖြတ်ကြပါသည်။

ထို့နောက် အသင်းနာယက ဦးသက်ဝင်းက အသင်းသို့ အလှူငွေကျပ် (၁)သိန်းတိတိအား ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရှိရသည်။