အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

လူငယ်ရေးရာဦးစီးဌာနတွင် ခမ်းအနားမှူးသင်တန်း အမှတ်စဉ် (၂/၂၀၂၃) ဖွင့်လှစ်သင်ကြား

နေပြည်တော်၊ နိုဝင်ဘာ(၆)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနက ကြီးမှူးကျင်းပသည့် အခမ်းအနားများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများ၊ စကားဝိုင်းများနှင့်ဖိုရမ်များတွင် ဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် အစီအစဉ်တင်ဆက်သူများ၊ အခမ်းအနားမှူးများ၊ ဟောပြော ဆွေးနွေးသူများအဖြင့် ကျွမ်းကျင်ပိုင်နိုင်စွာ တာဝန်ယူဆောင်ရွက်နိုင်ရေးအတွက် အခမ်းအနားမှူးသင်တန်း အမှတ်စဉ်(၂/၂၀၂၃) အခမ်းအနားကို ယနေ့နံနက်(၉:၃၀)အချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ သင်တန်းသား/သင်တန်းသူ (၁၂)ဦးဖြင့် ဖွင့်လှစ်ပို့ချခဲ့ပါသည်။

အဆိုပါ အခမ်းအနားအား ရုံးချိန်အတွင်း နေ့စဉ်နံနက်(၉:၃၀)နာရီမှ (၁၁:၃၀)နာရီအထိ (၆.၁၁.၂၀၂၃)ရက်နေ့မှ (၁၇.၁၁.၂၀၂၃)ရက်နေ့အထိ (၁၂)ရက်ကြာ ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။