အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ် ၊ သီတင်းကျွတ်ဖောင်တော်ဦးဘုရားပွဲတော် အဆင့်မြင့် အမျိုးသားဘော်လီဘောပြိုင်ပွဲဗိုလ်လုပွဲ နှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ညောင်ရွှေမြို့၊ အောက်တိုဘာ ၂၃။

ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် သီတင်းကျွတ်ဖောင်တော်ဦးဘုရားပွဲတော် အဆင့်မြင့် အမျိုးသားဘော်လီဘောပြိုင်ပွဲကျင်းပရေးကော်မတီမှ နှစ်စဥ်နှစ်တိုင်းကျင်းပပြုလုပ်လျက်ရှိရာ ဘော်လီဘောအားကစားလောကတိုးတက်လာစေရေးနှင့် မြန်မာ့လက်ရွေးစင်မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးတို့ကို ရည်ရွယ်၍ ၂၀၂၃ ခုနှစ် ၊ သီတင်းကျွတ်ဖောင်တော်ဦးဘုရားပွဲတော် အဆင့်မြင့် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ညနေ(၁၅း၀၀)နာရီအချိန်၌ ညောင်ရွှေမြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားကို ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ၊ ညောင်ရွှေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ ၊ ပြိုင်ပွဲဝင်အသင်းများနှင့် ဘော်လီဘောအားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။

ရှေးဦးစွာ ဗိုလ်လုပွဲ ပွဲစဥ်များကို ဆက်လက်ယှဥ်ပြိုင်ကစားကြရာတွင် ဗိုလ်လုပွဲ ပွဲစဥ်အဖြစ် မိုင်းပျိုးအသင်းနှင့် သလဲဦးအသင်းတို့ ယှဥ်ပြိုင်ကစားရာ မိုင်းပျိုးအသင်းက သလဲဦးအသင်းကို ၂၄ မှတ် / ၂၅ မှတ် ၊ ၂၅ မှတ် / ၂၁ မှတ် ၊ ၂၅ မှတ် / ၁၇ မှတ် ၊ ၂၅ မှတ် / ၂၂ မှတ် ၊ (၃)ပွဲ – (၁)ပွဲဖြင့် အနိုင်ရရှိသွားပါသည်။

ဆက်လက်ပြီး ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ပထမဦးစွာ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးမှ ပြိုင်ပွဲကျင်းပရေးအဖွဲ့ထံသို့ ပြိုင်ပွဲအတွက်ထောက်ပံ့ငွေ ကျပ်(၁၅)သိန်းကိုလည်းကောင်း ၊ ပြိုင်ပွဲတွင် အကောင်းဆုံးအားကစားသမားဆု ရရှိသွားသော အားကစားသမားများ၊ စတုတ္ထဆု ၊ တတိယဆု ရရှိသွားသော ပြိုင်ပွဲဝင်အသင်းများနှင့် အားကစားသမားများကို တာဝန်ရှိသူများကလည်းကောင်း ၊ ဒုတိယဆုရရှိသွားသော သလဲဦးအသင်းအား ငွေသားဆုကို ညောင်ရွှေမြို့နယ်စီ မံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှလည်းကောင်း ၊ ပထမဆုရရှိသွားသော မိုင်းပျိုးအသင်းအား ငွေသားဆုကို ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးမှလည်းကောင်း ဆုများကိုအသီးသီးပေးအပ်ချီးမြှင့်သွားကြကြောင်းသိရှိရပါသည်။