အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ၂၀၂၃ခုနှစ် အသက်(၂၅)နှစ်အောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြေးခုန်ပစ်ပြိုင်ပွဲ ကြည့်ရှုအားပေး ဆုချီးမြှင့်

နေပြည်တော်၊ အောက်တိုဘာ(၁၈)။

ပြေးခုန်ပစ်အားကစားနည်းအဆင့်အတန်းတိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် ပြေးခုန်ပစ် အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၃ခုနှစ်၊ အသက်(၂၅)နှစ်အောက် ပြည်နယ်နှင့် တိုင်းဒေသကြီးပြေးခုန်ပစ်ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်(၇)နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်းနှင့် လေ့ကျင့်ရေးကွင်းအမှတ်(၁)တို့၌ ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြသည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (အမျိုးသား)ကီလိုမီတာ၂၀လမ်းလျှောက်၊ (အမျိုးသမီး) ကြိုးတပ်သံလုံးပစ်၊ (အမျိုးသား)(၁၀မျိုးစုံ-၆) မီတာ(၁၁၀)တန်းကျော်ပြေး၊ (အမျိုးသမီး)(၇မျိုးစုံ-၁) မီတာ(၁၀၀)တန်းကျော်ပြေး၊ (အမျိုးသား/အမျိုးသမီး) မီတာ၂၀၀၊ (အမျိုးသမီး)(၇မျိုးစုံ-၂) တန်းမြင့်ခုန်၊ (အမျိုးသမီး) သုံးဆင့်ခုန်၊ (အမျိုးသား/အမျိုးသမီး) မီတာ (၁၀၀x၄) လက်ဆင့်ကမ်း၊ (အမျိုးသား)(၁၀မျိုးစုံ-၇) သံပြားဝိုင်းပစ်၊ (အမျိုးသား/အမျိုးသမီး)မီတာ(၃၀၀၀)တားဆီးကျော်ပြေး၊ (အမျိုးသား)ကြိုးတပ်သံလုံးပစ်၊ (အမျိုးသမီး) (၇မျိုးစုံ-၃)သံလုံးပစ်၊ (အမျိုးသား)တန်းမြင့်ခုန်၊ (အမျိုးသား/အမျိုးသမီး)မီတာ၈၀၀၊ (အမျိုးသား)(၁၀မျိုးစုံ-၈) တုတ်ထောက်ခုန်၊ (အမျိုးသား)(၁၀မျိုးစုံ-၉)လှံတံပစ်၊ (အမျိုးသမီး)(၇မျိုးစုံ-၄)မီတာ၂၀၀၊ (အမျိုးသား) (၁၀မျိုးစုံ-၁၀)မီတာ၁၅၀၀၊ (အမျိုးသား/အမျိုးသမီး)မီတာ (၁၀၀x၄) လက်ဆင့်ကမ်းပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြသည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲ အခမ်းအနားအားဆက်လက်ကျင်းပခဲ့ရာ (အမျိုးသား)ကီလိုမီတာ၂၀ လမ်းလျှောက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် စောရှီးရို(ကယား)၊ ဒုတိယဆုရရှိသည့် နိုင်လင်းထွန်း(ရှမ်း)၊ တတိယဆုရရှိသည့် သန့်ဇင်အောင်(ရှမ်း)တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးကလည်းကောင်း၊ (အမျိုးသမီး) ကြိုးတပ်သံလုံးပစ်ပြိုင်ပွဲတွင် ပထမဆု ရရှိသည့် သွယ်သွယ်မိုး(တနင်္သာရီ)၊ ဒုတိယဆုရရှိသည့် အေးသူဟန်(စစ်ကိုင်း)၊ တတိယဆုရရှိသည့် သဲအိထွေး(မကွေး)တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက လည်းကောင်း၊ (အမျိုးသမီး) သုံးဆင့်ခုန်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဝါဝါရွှေ(စစ်ကိုင်း)၊ ဒုတိယဆုရရှိသည့် အိအိဖြိုး(ဧရာဝတီ)၊ တတိယဆုရရှိသည့် အေးအေးမိုး(နေပြည်တော်)နှင့် (အမျိုးသမီး)မီတာ(၃၀၀၀) တားဆီးကျော်ပြေးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဇာဇာထွန်း(မန္တလေး)၊ ဒုတိယဆုရရှိသည့် ငွေစုစုအောင် (ရှမ်း)၊ တတိယဆုရရှိသည့် စုနှင်းဝေ(မကွေး)တို့အား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်ကလည်းကောင်း၊ (အမျိုးသား)ကြိုးတပ်သံလုံးပစ်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် နန္ဒအောင် (မန္တလေး)၊ ဒုတိယဆုရရှိသည့် ဇင်မင်းခန့်(မန္တလေး)၊ တတိယဆုရရှိသည့် ရှိုင်းမိုးအောင်(ရန်ကုန်)တို့အား လူငယ်အားကစားလေ့ကျင့်ရေးစခန်း ညွှန်ကြားရေးမှူး ဦးစန်းချိုကလည်းကောင်း၊ (အမျိုးသား) မီတာ (၃၀၀၀)တားဆီးကျော်ပြေးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရဲရင့်အောင်(မန္တလေး)၊ ဒုတိယဆုရရှိသည့် ဝင်းနိုင်ထွန်း(ရန်ကုန်)၊ တတိယဆုရရှိသည့် ဇင်မင်းထွန်း(စစ်ကိုင်း)တို့အား ရန်ကုန်တိုင်းဒေသကြီးအသင်း အုပ်ချုပ်သူ ဒေါ်မြတ်လေးနွယ်ကလည်းကောင်း၊ (အမျိုးသား) မီတာ(၁၀၀x၄)လက်ဆင့်ကမ်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် တနင်္သာရီတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ တတိယဆုရရှိ သည့် မကွေးတိုင်းဒေသကြီးအသင်းတို့အား မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ ပြည်နယ်နှင့်တိုင်းဒေသကြီး (EC) ဦးတင်ထွန်းကလည်းကောင်း၊ (အမျိုးသမီး) မီတာ(၁၀၀x4) လက်ဆင့်ကမ်း ပြိုင်ပွဲတွင် ပထမဆု ရရှိသည့် တနင်္သာရီတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီး၊ တတိယဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့အား မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်(EC) မြန်မာ့လက်ရွေးစင် ဦးခင်မောင်လွင်ကလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို အသီးသီး ပေးအပ်ချီးမြှင့် ခဲ့ကြသည်။

၂၀၂၃ခုနှစ်၊ အောက်တိုဘာ(၁၉)ရက်နေ့တွင် အသက်(၂၅)နှစ်အောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြေးခုန်ပစ်ပြိုင်ပွဲ တတိယနေ့ပြိုင်ပွဲ ပွဲစဉ်များကို နံနက်(၆)နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစား ကွင်းနှင့် လေ့ကျင့်ရေးကွင်းအမှတ်(၁)တို့၌ ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အားကစားဝါသနာရှင် များအနေဖြင့် မည်သူမဆိုအခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။