အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ သွေးစည်းညီညွတ်ရေးအစီအစဉ်အရ ဖွင့်လှစ်သည့် ပြေးခုန်ပစ်နည်းပြသင်တန်း အဆင့်(၁)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော်၊ အောက်တိုဘာ(၁၆)။

ပြေးခုန်ပစ်အားကစားနည်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြေးခုန်ပစ်နည်းပြဆရာကောင်းများ ထွက်ပေါ် လာစေရန်ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ သွေးစည်းညီညွတ်ရေးအစီအစဉ်အရ ဖွင့်လှစ် သည့် ပြေးခုန်ပစ်နည်းပြသင်တန်း အဆင့်(၁)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပခဲ့သည်။

ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံက သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးလုပ်ငန်းများကို ရေတိုရေရှည်စီမံချက်များ ချမှတ်ပြီး ဆောင်ရွက်အကောင်အထည်ဖော် ရာတွင် ပထမခြေလှမ်းအဖြစ် အရှေ့တောင်အာရှနိုင်ငံများအလယ်တွင် ဗိုလ်စွဲအနိုင်ရရှိရေးအတွက် ဦးစွာ ကြိုးပမ်းသွားကြရမည်ဖြစ်ပြီး ထိုမှတဆင့် အာရှနိုင်ငံများအတွင်း အောင်မြင်မှုရရှိစေရေးနှင့် နောက်ဆုံး အဆင့်အဖြစ် ကမ္ဘာ့နိုင်ငံများအလယ်တွင် အောင်မြင်မှုများ ဆက်လက်ရရှိလာစေရန်အတွက် အဆင့်ဆင့် ကြိုးပမ်း အားထုတ်ဆောင်ရွက်သွားကြရမည်ဖြစ်ပြီး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှုသည်လည်း လွန်စွာ အရေးကြီးကြောင်း၊ ပြေးခုန်ပစ်အားကစားနည်းသည် အိုလံပစ်အားကစားနည်းတစ်နည်းဖြစ်သည့်အပြင် အိုလံပစ်အားကစားပြိုင်ပွဲ၊ အာရှအားကစားပြိုင်ပွဲနှင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် မဖြစ်မနေ ထည့်သွင်းကျင်းပရသည့် အားကစားနည်းတစ်ခုဖြစ်ပြီး အခြားအားကစားနည်းများထက် ရွှေတံဆိပ်ဆု များစွာရရှိနိုင်သည့် အားကစားနည်းတစ်ခုဖြစ်သည့်အတွက် ပြေးခုန်ပစ်အားကစားနည်း ပိုမိုဖွံ့ဖြိုးတိုးတက် အောင် အားလုံးအတူတကွ ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ မြန်မာပြေးခုန်ပစ်အားကစားနည်း သည် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် ကမ္ဘာ့အဆင့်ပြိုင်ပွဲများတွင် အောင်မြင်မှုဆုတံဆိပ်များစွာ ရရှိ ခဲ့ကြပြီး (၁၉၇၇)ခုနှစ်နှင့် (၁၉၈၁)ခုနှစ်တို့တွင် မြန်မာအသင်းအနေဖြင့် The Best Nation ဆုကို ထိုက်ထိုက် တန်တန်ရရှိခဲ့သည်ကိုတွေ့ရှိခဲ့ရပါကြောင်း၊ မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင်ရရှိခဲ့သည့် ရွှေတံဆိပ်ဆုသည် ပြေးခုန်ပစ်အားကစားနည်းအနေဖြင့် နောက်ဆုံးရရှိခဲ့ခြင်းဖြစ်ပြီး (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ပြေးခုန်ပစ် အားကစားနည်းမှ ကြေးတံဆိပ်ဆု(၂)ခုသာ ရယူပေးနိုင်ခဲ့ကြောင်း၊ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုဆွတ်ခူးနိုင်ရန်နှင့် အောင်မြင်မှုရရှိစေရန်အတွက် ထူးချွန်သည့် အားကစားသမားများရှိရုံသာ မက ထူးချွန်သည့်နည်းပြများလည်းရှိရန်လိုအပ်ကြောင်း၊ မျိုးဆက်သစ် အားကစားသမားများ ရှားပါးလာပြီ ဖြစ်၍ အားကစားသမားများ၏ ငယ်စဉ်ဘဝ အားကစားကိုစတင်လိုက်စားချိန်မှ စတင်ပြီး အခြေခံကောင်း များကို နည်းစနစ်တကျ မှန်မှန်ကန်ကန် သင်ကြားပြသပေးရန်မှာလည်း နည်းပြများ၏ အရေးအကြီးဆုံး တာဝန် တစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံတကာနှင့်ရင်ဘောင်တန်း၍ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး သိပ္ပံနည်းကျသည့် နည်းစနစ်များ၊ နည်းဗျူဟာများနှင့် ခေါင်းဆောင်မှုအရည်အချင်းများကို မျက်ခြေပြတ်မသွားစေရန် ပြည်တွင်း ၌ သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိသလို နည်းပြများနှင့် ဒိုင်လူကြီးများကိုလည်း နိုင်ငံတကာ အားကစား အတွေ့အကြုံများရရှိစေရန် ပြည်ပနိုင်ငံများသို့ စေလွှတ်ပေးလျက်ရှိကြောင်း၊ ယခုဖွင့်လှစ်သည့် ပြေးခုန်ပစ် နည်းပြသင်တန်းသည် မြန်မာ့ပြေးခုန်ပစ်အားကစား အဆင့်အတန်း တိုးတက်မြင့်မားစေရေး အတွက် များစွာအထောက်အကူပြုပေးနိုင်မည့် အလွန်ထိရောက်သည့် သင်တန်းတစ်ခုဖြစ်ပါကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့် သင်တန်းတွင် စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးမည့် ခေတ်မီအဆင့်မြင့် အသိပညာ၊ အတတ်ပညာများကို မိမိတို့၏ အတွေ့အကြုံကောင်းများနှင့်ပေါင်းစပ်ပြီး မြန်မာ့ပြေးခုန်ပစ် အားကစားအဆင့်အတန်း တိုးတက်မြင့်မားစေရေးအတွက် အစွမ်းကုန်ပြန်လည်အသုံးချ၍ အကောင် အထည်ဖော် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အောင်မြင်မှုအစဉ်အလာကောင်းများရှိခဲ့သည့် မြန်မာ့အားကစား အဆင့် အတန်း ယခုထက်ပိုမိုမြင့်မားလာစေရေးအတွက် တာဝန်ရှိသူများအားလုံး အစွမ်းကုန်ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ နိုင်ငံတော်တစ်ဝှမ်းလုံးနှင့် တစ်မျိုးသားလုံးက မျှော်လင့်တောင့်တ နေကြသည့် မြန်မာ့အားကစားအောင်မြင်မှုများအတွက် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူပြီး ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်းပြောကြားခဲ့သည်။

ထို့နောက် ကမ္ဘာ့ပြေးခုန်ပစ်အဖွဲ့ချုပ်မှ တာဝန်ပေးအပ်ထားသည့် နည်းစနစ်ကျွမ်းကျင်သူ အိန္ဒိယ နိုင်ငံမှ Dr. Natarajan က နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီး မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူး၍ အခမ်းအနား အား ရုပ်သိမ်းခဲ့သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးမျိုးလှိုင်၊ ဦးဇင်မင်းထက်၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရှိန်ဝင်းနှင့်တာဝန်ရှိသူများ၊ ကမ္ဘာ့ပြေးခုန်ပစ်အဖွဲ့ချုပ်မှ နည်းစနစ် ကျွမ်းကျင်သူ (၂)ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာ့လက်ရွေးစင် ပြေးခုန်ပစ် အားကစားသမားဟောင်းများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါသင်တန်းကို ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(၁၅)ရက်နေ့မှ (၂၆)ရက်နေ့အထိ ကမ္ဘာ့ပြေးခုန်ပစ် အဖွဲ့ချုပ်မှ နည်းစနစ်ကျွမ်းကျင်သူ မလေးရှားနိုင်ငံမှ Mr. Simon Lau နှင့် အိန္ဒိယနိုင်ငံမှ Dr.R.Natararajan တို့ကနေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း Gold Camp ရှိ Multipurpose Hall ၌ ဖွင့်လှစ် သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား/သင်တန်းသူ(၃၀)ဦး တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။