အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ခုနှစ်၊ (၄၄)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး မြန်မာ့ရိုးရာဝိုင်းဖွဲ့ခြင်းလုံးခတ် ပြိုင်ပွဲကျင်းပ

နေပြည်တော်၊ အောက်တိုဘာ(၁၀)။

မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်း တိုးတက်ပြန့်ပွားလာစေရန်နှင့် မျိုးဆက်သစ် ခြင်းလုံး အားကစားသမားကောင်းများစွာ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၃ခုနှစ်၊ (၄၄)ကြိမ်မြောက် ပြည်နယ် နှင့်တိုင်းဒေသကြီး (အမျိုးသား) မြန်မာ့ရိုးရာဝိုင်းဖွဲ့ခြင်းလုံးခတ်ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့မွန်းလွဲ (၁)နာရီမှ စ၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ဆက်လက်ကျင်းပခဲ့သည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (အမျိုးသား)ပြိုင်ပွဲ ကျား(၆)ပေါက် ပွဲစဉ်များအဖြစ် မန္တလေးတိုင်း ဒေသကြီးအသင်းက ရမှတ် (၁၃၇၆)မှတ်၊ ရှမ်းပြည်နယ်အသင်းက ရမှတ် (၇၂၂)မှတ်၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက ရမှတ်(၉၆၇)မှတ်၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ရမှတ်(၅၅၂)မှတ်၊ ဧရာဝတီ တိုင်းဒေသကြီးအသင်းက ရမှတ်(၁၀၅၄)မှတ်၊ မွန်ပြည်နယ်အသင်းက မှတ်(၆၄၃)မှတ်၊ ကရင်ပြည်နယ် အသင်းက ရမှတ် (၅၉၀)မှတ်၊ ပဲခူးတိုင်းဒေသကြီးအသင်းက ရမှတ် (၉၄၁)မှတ် အသီးသီး ရရှိခဲ့ကြသည်။

အောက်တိုဘာ(၁၁)ရက်နေ့ နံနက်(၉)နာရီမှစ၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)တွင် (အမျိုးသား)ပြိုင်ပွဲ ကျား(၆) ပေါက် ပွဲစဉ်များအဖြစ် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် တနင်္သာရီတိုင်း ဒေသကြီးအသင်း၊ မကွေးတိုင်းဒေသကြီးအသင်းနှင့် ရခိုင်ပြည်နယ်အသင်း၊ ရှမ်းပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော် အသင်းတို့ ခတ်ကစားကြမည်ဖြစ်ပြီး (အမျိုးသမီး)ပြိုင်ပွဲ မ(၄)ပေါက် ပွဲစဉ်များအဖြစ် ပဲခူးတိုင်းဒေသကြီး အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်း၊ ရှမ်းပြည်နယ်အသင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော် အသင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့ ဆက်လက်ခတ်ကစား သွား ကြမည်ဖြစ်ရာ မြန်မာ့ရိုးရာခြင်းလုံးအားကစားကို စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်းသိရသည်။