အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် တနင်္သာရီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီတို့ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ

ထားဝယ်၊ အောက်တိုဘာ (၆)ရက်။

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် တနင်္သာရီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီတို့ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို (၆.၁၀.၂၀၂၃) ရက်နေ့ ၁၀:၀၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တနင်္သာရီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဌ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကို၊ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး အာကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်နှင့် တနင်္သာရီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေသည့် လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဖွင့်လှစ်ခဲ့သည့်သင်တန်းများ၊ ကျင်းပခဲ့သည့်အားကစားပြိုင်ပွဲများ၊ လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်မည့်အစီအစဥ်များကို ပြောကြားသွားပါသည်။

ဆက်လက်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားသွားပါသည်။

ထို့နောက်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ အတွင်းရေးမှူးနှင့် ကော်မတီဝင်များက တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ငွေကျပ်၅၀သိန်း ပေးအပ်လှူဒါန်းကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။