အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲ ပွဲစဉ်များကို ဆက်လက်ကျင်းပ

နေပြည်တော်၊ အောက်တိုဘာ(၈)။

လက်ဝှေ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် လက်ဝှေ့ အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၃ခုနှစ်၊ (၄၉)ကြိမ်မြောက် ပြည်နယ်နှင့် တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး)လက်ဝှေ့ပြိုင်ပွဲ ပွဲစဉ်များကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း လက်ဝှေ့ရုံ၌ ဆက်လက်ကျင်းပရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ဦးကျော်ဆန်းဦးနှင့် တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဝိတ်တန်းအလိုက် အမျိုးသား(၅၄၊၆၀၊၆၇၊၇၅)ကီလိုတန်းပြိုင်ပွဲ ပွဲစဉ်(၄)ပွဲနှင့် အမျိုးသမီး(၄၆၊၄၈၊၅၂၊၅၄၊၆၀) ကီလိုတန်းပြိုင်ပွဲ ပွဲစဉ်(၅)ပွဲ ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ကြပြီး အမျိုသား(၅၄)ကီလိုတန်းပြိုင်ပွဲတွင် ခုတ်လျှမ်းတွမ်(ချင်း)နှင့် ဝင်းမြတ်အောင်(တနင်္သာရီ)တို့ယှဉ်ပြိုင်ကစားခဲ့ရာ ခုတ်လျှမ်းတွမ်(ချင်း)ကလည်းကောင်း၊ ကိုကိုထွန်း(စစ်ကိုင်း)နှင့် စောလင်းအောင်(ဧရာဝတီ)တို့ယှဉ်ပြိုင်ကစားခဲ့ရာ ကိုကိုထွန်း(စစ်ကိုင်း)ကလည်းကောင်း၊ အမျိုးသား(၆၀)ကီလိုတန်းပြိုင်ပွဲတွင် အေးကိုဇင်(ကရင်)နှင့် ရဲမြတ်သူ(ဧရာဝတီ)တို့ယှဉ်ပြိုင်ကစားခဲ့ရာ အေးကိုဇင်(ကရင်)ကလည်းကောင်း၊ ထွန်းလင်း(မန္တလေး)နှင့် ပြည့်ဖြိုးလှိုင်(မကွေး)တို့ယှဉ်ပြိုင်ကစားခဲ့ရာ ထွန်းလင်း(မန္တလေး)ကလည်းကောင်း၊ အမျိုးသား(၆၇)ကီလိုတန်းပြိုင်ပွဲတွင် သူရဖြိုး(စစ်ကိုင်း)နှင့် သန်းတိုးအောင်(တနင်္သာရီ)တို့ယှဉ်ပြိုင်ကစားခဲ့ရာ သူရဖြိုး(စစ်ကိုင်း)က လည်းကောင်း၊ လွှမ်းမိုးအောင်(ရန်ကုန်)နှင့် သူရဦး(ကချင်)တို့ယှဉ်ပြိုင်ကစားခဲ့ရာ လွှမ်းမိုးအောင်(ရန်ကုန်)ကလည်းကောင်း၊အမျိုးသား(၇၅)ကီလိုတန်းပြိုင်ပွဲတွင် ထွန်းထွန်းဝင်း(ရှမ်း)နှင့် သန်းတိုးအောင် (ဧရာဝတီ) တို့ယှဉ်ပြိုင်ကစားခဲ့ရာ ထွန်းထွန်းဝင်း(ရှမ်း)ကလည်းကောင်း၊ စောထလယ်ထွဋ်(ကရင်)နှင့် အောင်ဇင်ထိုက်(စစ်ကိုင်း)တို့ယှဉ်ပြိုင်ကစားခဲ့ရာ စောထလယ်ထွဋ်(ကရင်)ကလည်းကောင်း၊

အမျိုးသမီး(၄၆)ကီလိုတန်းပြိုင်ပွဲတွင် အေးအေးမူ(တနင်္သာရီ)နှင့် နန်းထက်မှူးရတီ(ဧရာဝတီ)တို့ယှဉ်ပြိုင်ကစားခဲ့ရာ အေးအေးမူ(တနင်္သာရီ)ကလည်းကောင်း၊ ပြည့်စုံဝင်း(ကချင်)နှင့် သက်ထားစံ(ရန်ကုန်)တို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပြည့်စုံဝင်း(ကချင်)ကလည်းကောင်း၊ အမျိုးသမီး(၄၈)ကီလိုတန်းပြိုင်ပွဲတွင် နန်းငယ်ငယ်ထူး(စစ်ကိုင်း)နှင့် သဲမြတ်မွန်(ရှမ်း)တို့ ယှဥ်ပြိုင်ကစားခဲ့ရာ နန်းငယ်ငယ်ထူး(စစ်ကိုင်း)ကလည်းကောင်း၊ အိမ့်မြတ်သော်(နေပြည်တော်)နှင့် ကေဇင်မိုး(မန္တလေး)တို့ ယှဥ်ပြိုင်ကစားခဲ့ရာ အိမ့်မြတ်သော်(နေပြည်တော်)ကလည်းကောင်း၊ အမျိုးသမီး(၅၂)ကီလိုတန်းပြိုင်ပွဲတွင် ဆောင်းနှင်းဖြူ(စစ်ကိုင်း)နှင့် ယုနန္ဒာလွင်(ဧရာဝတီ)တို့ ယှဥ်ပြိုင်ကစားခဲ့ရာ ဆောင်းနှင်းဖြူ(စစ်ကိုင်း)ကလည်းကောင်း၊ အေးသီရိကျော်(တနင်္သာရီ )နှင့် ဝင်းဝင်းလတ်(ရန်ကုန်)တို့ ယှဥ်ပြိုင်ကစားခဲ့ရာ အေးသီရိကျော်(တနင်္သာရီ)ကလည်းကောင်း၊ အမျိုးသမီး(၅၄)ကီလိုတန်းပြိုင်ပွဲတွင် နော်ထူးလွဲဖော(ကရင်)နှင့် အေးနန္ဒာကျော်(ရှမ်း)တို့ ယှဥ်ပြိုင်ကစားခဲ့ရာ နော်ထူးလွဲဖော(ကရင်)ကလည်းကောင်း၊ ထက်ထက်ဝင်း (တနင်္သာရီ)နှင့် မြကြေးမှုံ(မကွေး)တို့ ယှဥ်ပြိုင်ကစားခဲ့ရာ ထက်ထက်ဝင်း (တနင်္သာရီ)ကလည်းကောင်း၊ အမျိုးသမီး(၆၀)ကီလိုတန်းပြိုင်ပွဲတွင် ချယ်ဇင်ဝင်း(စစ်ကိုင်း)နှင့် ရွှေရည်ဖူး(မန္တလေး)တို့ ယှဥ်ပြိုင်ကစားခဲ့ရာ ချယ်ဇင်ဝင်း(စစ်ကိုင်း)ကလည်းကောင်း၊ ထားထားနွယ်(တနင်္သာရီ)နှင့် နန်းငြိမ်းချမ်းမယ်(ကရင်)တို့ ယှဥ်ပြိုင်ကစားခဲ့ရာ ထားထားနွယ် (တနင်္သာရီ)ကလည်းကောင်း၊ အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြသည်။

အောက်တိုဘာ(၉)ရက်နေ့ မွန်းလွဲ(၂)နာရီတွင် အမျိုးသား/အမျိုးသမီး ဝိတ်တန်းအလိုက် ကီလိုတန်း ပြိုင်ပွဲ ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ရာ လက်ဝှေ့အားကစားကို စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်းသိရသည်။