အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း Aerobic ဆင့်ပွားနည်းပြမွမ်းမံသင်တန်း (၁/၂၀၂၃) သင်တန်းဆင်းပွဲကျင်းပ

တောင်ကြီးမြို့၊ စက်တင်ဘာလ(၂၉)ရက်။

ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အမျိုးသမီးအားကစားအဆင့်အတန်းမြင့်မားစေရေးနှင့် ကိုယ်ကာယကြံ့ခိုင်မှုပြည့်ဝစေရေး ၊ အမျိုးသမီးထုအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန် ၊ ကျန်းမာကြံ့ခိုင်ပြီး အရည်အသွေးမြင့်မားသည့် အမျိုးသမီးများပေါ်ထွက်လာစေရန် ၊ အမျိုးသမီးထု၏ ကာယ ၊ ဥာဏ ၊ စာရိတ္တ ၊ မိတ္တ ၊ ဗလ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆောင်ရွက်ရန် ၊ တိုးတက်ပြောင်းလဲလာတဲ့ အေရိုးဗစ်လေ့ကျင့်ခန်းအသစ်များကို သိရှိလာစေရန်နှင့် မိမိတို့၏ ခရိုင်/မြို့နယ်များတွင် ဆင့်ပွားသင်တန်းအဖြစ် ပြန်လည်ပို့ချနိုင်စေရန်တို့အတွက် ၂၀၂၃ ခုနှစ် ၊ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း( Aerobic )ဆင့်ပွားနည်းပြမွမ်းမံသင်တန်း(၁/၂၀၂၃)အား မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်မှ ပြဌာန်းထားသော အခြေခံလေ့ကျင့်ခန်းအသစ် (၄၆)မျိုးနှင့် ၂၀၀၅ ခုနှစ် ၊ နည်းပြသင်တန်းမှ အသစ်သတ်မှတ်ထားသော လေ့ကျင့်ခန်း (၃၀)မျိုးတို့အား စနစ်သစ်များကို ပြည်နယ်အတွင်းရှိ ခရိုင်/မြို့နယ်များမှ ပြိုင်ပွဲဝင်ရောက်ကြမည့် အားကစားသမားများ သိရှိနားလည်သဘောပေါက်စေရန်ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့သော အဆိုပါသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်(၁၁း၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ ၂၀၂၃ ခုနှစ် ၊ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း ( Aerobic )ဆင့်ပွားနည်းပြမွမ်းမံသင်တန်း(၁/၂၀၂၃)ဆင်းပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးရှမ်းပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီ နာယကနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၏ဇနီးများ ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ၊ ဒုတိယညွှန်ကြားရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ ၊ ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့များ ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ ၊ သင်တန်းနည်းပြဆရာမများ၊ သင်တန်းသူများ နှင့် ဝါသနာရှင်များမှ တက်ရောက်ခဲ့ကြပြီး သင်တန်းတွင်ထူးချွန်ဆုရရှိသူများနှင့် သင်တန်းနည်းပြများအား ဆုချီးမြှင့်ငွေများကို တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြောင်းသိရှိခဲ့ရကာ သင်တန်းသူများမှ သင်ယူတတ်မြောက်ထားသော လေ့ကျင့်ခန်းအကများဖြင့် ပြန်လည်ကပြဖျော်ဖြေပေးခဲ့ကြောင်းသိရှိရပါသည်။