အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

တောင်ကြီးမြို့၊ စက်တင်ဘာလ(၂၂)ရက်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းကာ ၂၀၂၃ ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၀၉:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် ပြည်နယ်တရားသူကြီးချုပ်နှင့်ဇနီး ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ပြည်နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ၊ ပြည်နယ်ဥပဒေချုပ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ပြည်နယ်ဝန်ကြီးများ၏ ဇနီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ ၊ ပြိုင်ပွဲဝင်အသင်းများမှ ပြိုင်ပွဲဝင်အားကစားသမားများ၊ ဘော်လီဘောအားကစားဝါသနာရှင်များတက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် ယခုပြိုင်ပွဲကို ကျင်းပပေးရခြင်းရဲ့အဓိကရည်ရွယ်ချက်ကတော့ ရှမ်းပြည်နယ်အတွင်းဘော်လီဘောအားကစားနည်း ပိုမိုတိုးတက်လာစေရန်နှင့် ပြိုင်ပွဲဝင်အားကစားသမားများ ဒေသန္တရ ဗဟုသုတရရှိစေရေးနှင့် အချင်းချင်းပိုမိုချစ်ကြည်ရင်းနှီးမှုရရှိလာစေရေး၊ ယဥ်ကျေးမှုဓလေ့ထုံးစံများ အပြန်အလှန်ရရှိစေရေး၊ အားကစားသမားများ အားကစားကိုချစ်မြတ်နိုးမှုရရှိစေရေးတို့ကို ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း အစရှိသည်တို့ကိုပြောကြားသွားကာ ပြိုင်ပွဲသို့ပါဝင်ယှဥ်ပြိုင်ကြသော အသင်းများအား လိုက်လံနှုတ်ဆက်ကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဝင်ရောက်ယှဥ်ပြိုင်ကြသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အမျိုးသားအသင်း(၁)သင်းလျှင် (၃)သိန်းကျပ်၊ အမျိုးသမီးအသင်း(၁)သင်းလျှင် (၃)သိန်းကျပ်နှင့် အ.ထ.က(၁)ဘင်ခရာအဖွဲ့အား (၂)သိန်းကျပ် စုစုပေါင်း ငွေကျပ် (၅၆)သိန်းကျပ်အား ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ယှဉ်ပြိုင်ကစားနေမှုများကိုကြည့်ရှု့အားပေးခဲ့ကြောင်းသိရှိခဲ့ရကာ အဆိုပါပြိုင်ပွဲကို ၂၂. ၉. ၂၀၂၃ ရက်နေ့မှ ၂၇. ၉. ၂၀၂၃ ရက်နေ့အထိ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ရှမ်းပြည်နယ်အတွင်းမှအမျိုးသားအသင်း(၈) သင်း နှင့် အမျိုးသမီးအသင်း (၁၀)သင်း ပြိုင်ပွဲဝင်အသင်းပေါင်း (၁၈)သင်းနှင့် ပြိုင်ပွဲဝင်အားကစားသမားစုစုပေါင်း (၂၁၅)ဦးတို့မှပါဝင် ယှဉ်ပြိုင်ကစားကြကြောင်းသိရှိရပါသည်။