အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၁၉)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာ E-Sports အားကစားအဖွဲ့ထွက်ခွာ

ရန်ကုန်၊ စက်တင်ဘာလ(၂၁)ရက်။

၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၂၃)ရက်နေ့မှ အောက်တိုဘာလ (၈)ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟန်ကျိုးမြို့တွင် ကျင်းပပြုလုပ်မည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာ E-Sports အားကစားအဖွဲ့သည် ဒုတိယဥက္ကဌ ဦးကောင်းမြတ်ထွန်း ခေါင်းဆောင်၍ အုပ်ချုပ်/နည်းပြ (၄)ဦးနှင့် အမျိုးသား အားကစားသမား (၆)ဦး လိုက်ပါလျက် ယနေ့ ညနေ (၁၆:၁၀)နာရီ အချိန်၌ လေယာဉ်အမှတ် MU-2032 ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာ သွားကြောင်းသတင်းရရှိသည်။