အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဥ်တွင် မြန်မာ့လက်ရွေးစင် U-24 အသင်း (၁-၀)ဖြင့် အနိုင်ရရှိ

နေပြည်တော်၊ စက်တင်ဘာလ(၁၉)ရက်။

အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဥ်တွင် မြန်မာ့လက်ရွေးစင် U-24 အသင်း (၁-၀)ဖြင့် အနိုင်ရရှိ

တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပနေသည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ Asian Games Hangzhou 2022 ပြိုင်ပွဲအဖွင့်ပွဲစဥ်တွင် မြန်မာ U-24 အသင်းနှင့် ဘင်္ဂလားဒေ့ရှ် U-24 အသင်းတို့ ယနေ့ မြန်မာစံ‌တော်ချိန် နေ့လယ် ၂ နာရီ ၃၀ မိနစ်က ယှဉ်ပြိုင်ကစားရာ မြန်မာ U-24 အသင်းက တစ်ဂိုး ဂိုးမရှိရလဒ်ဖြင့်အနိုင်ရရှိခဲ့သည်။

မြန်မာ U-24 အသင်းသည် Asian Games အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဥ်များအဖြစ် (၂၁.၉.၂၀၂၃)ရက်နေ့ ညနေ(၆:၀၀)နာရီအချိန်တွင် တရုတ်အသင်းနှင့်လည်းကောင်း၊ (၂၄.၉.၂၀၂၃)ရက်နေ့ ညနေ(၆:၀၀)နာရီအချိန်တွင် အိန္ဒိယအသင်းတို့နှင့်လည်းကောင်း ထပ်မံယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

Asian Games အမျိုးသား ဘောလုံးပြိုင်ပွဲတွင် အုပ်စု (၆)အုပ်စုရှိပြီး အုပ်စု ပထမနှင့် ဒုတိယ နှစ်သင်းစီနှင့် အကောင်းဆုံး အုပ်စု တတိယ ၄ သင်း၊ စုစုပေါင်း ၁၆ သင်း ရှုံးထွက်အဆင့်တက်ရောက်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။