အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

လက်ရွေးစင် မြားပစ်အားကစား သမားများနှင့် လူငယ်မျိုးဆက်သစ် မြားပစ် အားကစားသမားများအား ပြိုင်ပွဲပုံစံဆန်းစစ်မှုပြုလုပ်

နေပြည်တော်၊ စက်တင်ဘာလ(၁၃)။

နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)မှ လက်ရွေးစင် မြားပစ်အားကစား သမားများနှင့် လူငယ်အားကစားလေ့ကျင့်ရေးစခန်း (Youth Camp)မှ လူငယ်မျိုးဆက်သစ် မြားပစ် အားကစားသမားများအား ပြိုင်ပွဲပုံစံဆန်းစစ်မှုပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ မြားပစ်လေ့ကျင့်ရေးကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် နံနက်ပိုင်းတွင် မြား(၃၆)ချောင်း (၂)ကြိမ်၊ မြား(၇၂)ချောင်း (Ranking Round) ပစ်ခတ်ခဲ့ကြပြီးနောက် ညနေပိုင်းတွင် ရှုံးထွက်ပွဲစဉ်များအဖြစ် အမျိုးသား/အမျိုးသမီး (Recurve & Compound) မီတာ(၇၀/၅၀)ကွာတားဖိုင်နယ်ပွဲစဉ်များနှင့် အကြိုဗိုလ်လုပွဲ ပွဲစဉ်များကို ယှဉ်ပြိုင်ပစ်ခတ်ခဲ့ကြသည်။

(၁၄.၉.၂၀၂၃)ရက်နေ့၊ နံနက်(၈)နာရီတွင် အမျိုးသား/အမျိုးသမီး (Recurve & Compound) မီတာ (၇၀/၅၀) တတိယလုပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ပစ်ခတ်သွားမည်ဖြစ်သည်။

အဆိုပါ မြားပစ်အားကစားနည်း ပြိုင်ပွဲပုံစံဆန်းစစ်မှုပြုလုပ်ခြင်းသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြားပစ်အားကစားနည်း ပြိုင်ပွဲပုံစံဆန်းစစ်မှုပြုလုပ်ခြင်းကို ၂၀၂၃ခုနှစ်၊ စက်တင်ဘာ (၁၃)ရက်နေ့ နှင့် (၁၄)ရက်နေ့တို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး စုစုပေါင်း အားကစားသမား(၁၄)ဦး ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရသည်။