အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် မြန်မာအားကစားအဖွဲ့များ ဘောလုံး(အမျိုးးသမီး)ပြိုင်ပွဲတက်ရောက်ကြည့်ရှုအားပေး

ကမ္ဘောဒီးယား၊ မေ(၃)။

၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ် တက်ရောက်မည့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်အတူ မြန်မာအားကစားအဖွဲ့ခေါင်းဆောင် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် မြန်မာအားကစားအဖွဲ့သည် ယနေ့ နေ့လယ် (၁၃:၀၀)နာရီအချိန်၌ မြန်မာအမျိုးသားလေကြောင်းလိုင်း (စင်းလုံးငှားလေယာဉ်) အမှတ် UB-7017 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာလာခဲ့ရာ မြန်မာစံတော်ချိန် ညနေ(၃)နာရီခွဲတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်လေဆိပ်တို့ရောက်ရှိခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာအားကစားအဖွဲ့သည် PHNOM PENH Olympic City ရှိ ARMY STADIUM ၌ ကျင်းပလျက်ရှိသည့် ဘောလုံးအမျိုးသမီးအားကစားပြိုင်ပွဲတွင် မြန်မာအသင်းနှင့်ဖိလစ်ပိုင်အသင်းတို့ ယှဥ်ပြိုင်ကစားခဲ့ကြရာ မြန်မာအသင်းက ဖိလစ်ပိုင်အသင်းကို (၁)ဂိုး၊ ဂိုးမရှိဖြင့် ယှဥ်ပြိုင်အနိုင်ရရှိခဲ့မှုအား တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် စစ်တုရင် (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ၊ ဘော်လီဘော (အမျိုးသား)ပြိုင်ပွဲနှင့် ဘောလုံး (အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များအား ယှဉ်ပြိုင်ကစားခဲ့ကြသည်။

(၄.၅.၂၀၂၃)ရက်နေ့ ပြိုင်ပွဲ ပွဲစဉ်များအဖြစ် စစ်တုရင် (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ၊ ဘောလီဘော(အမျိုးသား)ပြိုင်ပွဲ၊ Kun Bokator (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲနှင့် ဘောလုံး( အမျိုးသား)ပြိုင်ပွဲတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။