7th National Sports Recreation Festival 2023နှင့် ASEAN Sports Day 2023 အထိမ်းအမှတ် ပွဲတော်များသို့တက်ရောက်ရန် ပြည်ပထွက်ခွာ
ရန်ကုန်၊ဇူလိုင်လ(၁)ရက်
၂၀၂၃ခုနစ်၊ဇူလိုင်လ(၂)ရက်နေ့မှ(၄)ရက်နေ့အထိ့ ၊အင်ဒိုနီးရှာ နိင်ငံ Bandungမြို့တွင်ကျင်းပပြုလုပ်မည့် 7th National Sports Recreation Festival နှင့် ASEAN Sports Day 2023အထိမ်းအမှတ် ပွဲတော်သို့တက်ရောက်ရန် အားကစားနင့်လူငယ်ရေးရာဝန်ကြီးဌာန၊အားကစားနှင့်ကာယပညာဦးစီးဌာန၊ဒေါ်အိသန္တာဝင်း၊ (လက်ထောက်ညွှန်ကြားရေးမှူး၊)ဒေါ်သက်ထားနွယ်၊(အားကစားမှူး)၊ဒေါ်မို့မို့ဟိန်းကိုကို၊(အားကစားမှူး) ၊ ဒေါ်ချယ်ရီဖော၊(အားကစားမှူး)နှင့်ဒေါ်ပိုးပိုးဆက်(ဌာနခွဲစာရေး)တို့သည် ယနေ့ည(၁၉း၀၀)အချိန်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှထွက်ခွာသွားကြောင်း သိရှိရသည်။
