၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးသေနတ်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် တက်ရောက်အားပေးဆုချီးမြှင့်
ရန်ကုန်၊ ဇွန်လ(၂၉)ရက်နေ့။
၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးသေနတ်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့ညနေ့(၁၅း၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့သစ် (မြောက်ပိုင်း)ရှိ အပြည်ပြည်ဆိုင်ရာသေနတ်ပစ်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံသေနတ်ပစ်အဖွဲ့ချုပ် ဥက္ကဌ ဦးကျော်မိုးဝင်းနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဆုရအားကစားသမားများ တက်ရောက်ခဲ့ပါသည်။
ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ၁၀ မီတာလေပစ္စတိုအမျိုးသား (တစ်ဦးချင်း)ပြိုင်ပွဲ၊ ၁၀ မီတာ လေပစ္စတို အမျိုးသား(အသင်းလိုက်) ပြိုင်ပွဲ၊ ၁၀ မီတာလေရိုင်ဖယ်အမျိုးသား(တစ်ဦးချင်း) ပြိုင်ပွဲ၊ ၁၀ မီတာ လေရိုင်ဖယ် အမျိုးသား(အသင်းလိုက်)ပြိုင်ပွဲ၊ ၁၀မီတာလေရိုင်ဖယ် အမျိုးသမီး (အသင်းလိုက်)ပြိုင်ပွဲ၊ ၂၅မီတာ အားကစားပစ္စတိုအမျိုးသမီး (တစ်ဦးချင်း) ပြိုင်ပွဲတို့ကိုကျင်းပပြုလုပ်ပြီးနောက် ဆုချီးမြှင့်ခြင်းအခမ်းအနားဆက်လက်ကျင်းပပြုလုပ်ရာ ၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် သေနတ်ပစ်ပြိုင်ပွဲ ၁၀မီတာလေပစ္စတို အမျိုးသား (အလွတ်တန်း)ပြိုင်ပွဲတွင် ပထမရရှိသော မောင်ဇော်မင်းအောင်၊ ဒုတိယရရှိသော မောင်မင်းသော်ခန့်၊ တတိယရရှိသောမောင်မင်းမင်းတို့နှင့် ၁၀မီတာလေပစ္စတို အမျိုးသမီး (အလွတ်တန်း)ပြိုင်ပွဲတွင် ပထမရရှိသော မဇူလိုင်ထွန်း၊ ဒုတိယရရှိသော မယမင်းအဉ္စလီ၊ တတိယရရှိသော မဖူးဖူးဇင်မင်းတို့အား ရန်ကုန်တိုင်းဒေသကြီးအရှေ့ပိုင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးထူးလွင် ကလည်းကောင်း၊ ၁၀မီတာလေရိုင်ဖယ် အမျိုးသား(အလွတ်တန်း)ပြိုင်ပွဲတွင် ပထမရရှိသော မောင်အောင်ထွန်းဇော်၊ဒုတိယရရှိသော မောင်သူရိန်မင်း၊တတိယရရှိသော မောင်မျိုးဝဏ္ဏထွန်းတို့နှင့် ၁၀မီတာလေရိုင်ဖယ်အမျိုးသမီး (အလွတ်တန်း)ပြိုင်ပွဲတွင် ပထမရရှိသော မကေဇင်ဝါဝါကို၊ ဒုတိယရရှိသော မသွယ်သွယ်ဝင်း၊ တတိယရရှိသော မတင်ဇာလင်းတို့အား ရန်ကုန်တိုင်းဒေသကြီးအတွင်းရေးမှူး ရန်ကုန်တိုင်းအုပ်ချုပ်ရေးမှူး ဦးညီညီမင်းကလည်းကောင်း၊ ၂၅မီတာ ပစ္စတိုအမျိုးသား/အမျိုးသမီး (အလွတ်တန်း)ပြိုင်ပွဲတွင် ပထမရရှိသော မောင်သန့်ဇော်ဦး၊ ဒုတိယရရှိသော မခိုင်သရဖူ၊တတိယရရှိသော မောင်ခင်မောင်ဇော်တို့အား မြန်မာနိုင်ငံသေနတ်ပစ်အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဒေါ်ခင်စိုးသိုက်ကလည်းကောင်း ချီးမြှင့်ခဲ့သည်။
ဆက်လက်ပြီး၂၀၂၂-၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီးသေနတ်ပစ်ပြိုင်ပွဲ ၁၀ မီတာလေပစ္စတိုအမျိုးသား(တစ်ဦးချင်း)ပြိုင်ပွဲတွင် ပထမရရှိသော မောင်ဇော်မင်းအောင်၊ ဒုတိယရရှိသော မောင်မင်းမင်း၊ တတိယရရှိသော မောင်သက်ဦးကျော်တို့နှင့် ၁၀မီတာ လေပစ္စတိုအမျိုးသား(အသင်းလိုက်) ပြိုင်ပွဲတွင် ပထမရရှိသောရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယရရှိသော မန္တလေးတိုင်းဒေသကြီးအသင်း၊ တတိယရရှိသော ဧရာဝတီတိုင်းဒေသကြီး အသင်းတို့အား ဒဂုံမြောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးမြင့်ဇော်ကလည်းကောင်း၊ ၁၀မီတာ လေပစ္စတိုအမျိုးသမီး(တစ်ဦးချင်း) ပြိုင်ပွဲတွင် ပထမရရှိသော မဇူလိုင်ထွန်း၊ ဒုတိယရရှိသော မယုနန္ဒာထွန်း၊ တတိယရရှိသော မယမင်းအဉ္စလီတို့နှင့် ၁၀မီတာ လေပစ္စတို အမျိုးသမီး (အသင်းလိုက်) ပြိုင်ပွဲတွင် ပထမရရှိသော မန္တလေးတိုင်းဒေသကြီးအသင်း၊ ဒုတိယရရှိသော ရှမ်းပြည်နယ်အသင်း၊ တတိယရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်းတို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးကလည်းကောင်း၊ ၁၀မီတာ လေရိုင်ဖယ်အမျိုးသား(တစ်ဦးချင်း) ပြိုင်ပွဲတွင် ပထမရရှိသော မောင်အောင်ထွန်းဇော်၊ ဒုတိယရရှိသော မောင်လှထွန်းအောင်၊ တတိယရရှိသော မောင်မျိုးဝဏ္ဏထွန်းတို့နှင့် ၁၀မီတာ လေရိုင်ဖယ်အမျိုးသား(အသင်းလိုက်) ပြိုင်ပွဲတွင် ပထမရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယရရှိသော ရှမ်းပြည်နယ်အသင်း၊ တတိယရရှိသော ဧရာဝတီတိုင်းဒေသကြီးအသင်းတို့အားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဥပဒေချုပ် ရန်ကုန်တိုင်းအားကစားနှင့်ကာယပညာကော်မတီဥက္ကဌ ဦးဌေးအောင် ကလည်းကောင်း၊ ၁၀မီတာ လေရိုင်ဖယ်အမျိုးသမီး(တစ်ဦးချင်း) ပြိုင်ပွဲတွင် ပထမရရှိသော မကေဇင်ဝါဝါကို၊ ဒုတိယရရှိသော မသွယ်သွယ်ဝင်း၊ တတိယရရှိသော မတင်ဇာလင်းတို့နှင့် ၁၀မီတာ လေရိုင်ဖယ် အမျိုးသမီး(အသင်းလိုက်) ပြိုင်ပွဲတွင် ပထမရရှိသော ရန်ကုန်တိုင်း ဒေသကြီးအသင်း၊ ဒုတိယရရှိသော ဧရာဝတီတိုင်းဒေသကြီးအသင်း၊ တတိယရရှိသော မန္တလေးတိုင်းဒေသကြီးအသင်းတို့အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးကလည်းကောင်း၊ ၂၅မီတာ ဗဟိုရိုက်ပစ္စတို(Center Fire Pistol) အမျိုးသား(တစ်ဦးချင်း) ပြိုင်ပွဲတွင် ပထမရရှိသော မောင်မင်းမင်း၊ ဒုတိယရရှိသော မောင်အေးမင်းကို၊ တတိယရရှိသော မောင်အောင်ပြည့်ဖြိုးတို့နှင့် ၂၅မီတာ အားကစားပစ္စတို အမျိုးသမီး(တစ်ဦးချင်း) ပြိုင်ပွဲတွင် ပထမရရှိသော မခင်ပပစိုး၊ ဒုတိယရရှိသော မဖူးဖူးဇင်မင်း၊ တတိယရရှိသော မဇင်မာထက်တို့အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းကလည်းကောင်း အသီးသီးဆုများချီးမြှင့်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းမှ ၂၀၂၂ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး သေနတ်ပစ်ပြိုင်ပွဲတွင် အသင်းလိုက်စုစုပေါင်းရမှတ် (၃၂)မှတ်ဖြင့် တံခွန်စိုက်ဆုဖလား ရရှိသော ရန်ကုန် တိုင်းဒေသကြီးအသင်းအား ဆုဖလားချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့သည်။
၂၀၂၂ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီးသေနတ်ပစ်ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုတံဆိပ်နှင့်အတူ ငွေသားဆုများချီးမြှင့်ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှလည်း ဆုပေးပွဲအခမ်းအနားအပြီး၌ ပြိုင်ပွဲဝင်အသင်းများအားရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ တံခွန်စိုက်ဒိုင်းရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် အခြား ပြိုင်ပွဲဝင်အသင်းအားလုံးအား ဂုဏ်ပြုဆုငွေများချီးမြှင့်ခဲ့ကြောင်းသိရှိရသည်။





