အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(31st) SEA Games ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်၌ စခန်းသွင်းလေ့ကျင့်လျက်ရှိသော အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုအား လိုက်လံ ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဒီဇင်ဘာလ(၂၈)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးသည် ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုး၊ အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာစိုးမင်းဦးနှင့်အတူ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)မှ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက် (၈)နာရီအချိန်တွင် (31st) SEA Games ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်၌ စခန်းသွင်းလေ့ကျင့်လျက်ရှိသော မြန်မာ့လက်ရွေးစင် ပီတန်း၊ ဂျူဒို၊ ပြေးခုန်ပစ်၊ လက်ဝှေ့၊ ဘိလိယက်/စနူကာ၊ တိုက်ကွမ်ဒို၊ ပိုက်ကျော်ခြင်း၊ ဝူရှူး၊ ဗိုဗီနမ်နှင့် မြားပစ် အားကစားအဖွဲ့များမှ အားကစားသမားများ၏ လေ့ကျင့်လျက်ရှိသော သက်ဆိုင်ရာ အားကစားကွင်း/အားကစားရုံများသို့ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ယင်းနောက် ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ပြိုင်ပွဲကာလ အချိန်နီးကပ်လာပြီဖြစ်၍ အုပ်ချုပ်/ နည်းပြများအနေဖြင့် အားကစားသမားများအား နည်းစနစ်မှန်မှန် ပြင်းပြင်းထန်ထန်ဖြင့် ကြိုးစား အားထုတ်၍ လေ့ကျင့်ပေးကြရန်လိုအပ်ကြောင်း၊ ရာသီဥတုအေးသည့်ကာလသို့ ရောက်ရှိလာပြီ ဖြစ်သည့် အတွက် ကျန်းမာရေးအားအထူးဂရုစိုက်ကြရန်လိုအပ်ကြောင်း၊ အုပ်ချုပ်/နည်းပြများမှ မိမိ အားကစားသမားများ ထိခိုက်ဒဏ်ရာ (Injury) ရရှိပါက အားကစားဆေးဘက်ဆိုင်ရာဌာနခွဲသို့ အချိန်နှင့်တပြေးညီ သွားရောက်ပြသ၍ ဆေးကုသမှုခံယူကြရန်လိုအပ်ကြောင်း၊ စခန်းဝင်အားကစား သမားများ၏ (Performance)များ သိရှိနိုင်ရေးအတွက် (Skill Test) ပြိုင်ပွဲများ ကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်းနှင့် အားကစားသမားများ၏ လေ့ကျင့်ရေးဆိုင်ရာအခက်အခဲများ၊ နေထိုင်စားသောက် ရေးဆိုင်ရာအခက်အခဲများ၊ ကျန်းမာရေးဆိုင်ရာအခက်အခဲများအား ကူညီပေါင်းစပ်၍ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးအတွက် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။