အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

19th ASIAN Games ပြိုင်ပွဲ Promotion အနေဖြင့် မြန်မာနိုင်ငံ၌ ASIAN Games Fun Run ပြိုင်ပွဲကျင်းပ

ရန်ကုန်၊ မတ်(၁၀)ရက်။

19th ASIAN Games ပြိုင်ပွဲ Promotion အနေဖြင့် မြန်မာနိုင်ငံ၌ ASIAN Games Fun Run ပြိုင်ပွဲကို ယနေ့နံနက်(၈)နာရီအချိန်တွင် ရန်ကုန်မြို့ တာမွေမြို့နယ် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျိုက္ကဆံအားကစားကွင်းအတွင်းရှိ ပြေးခုန်ပစ်ကွင်း၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ယဉ်ကျေးမှုသံမှူး Mr. Peng Fong၊ အားကစား နှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ၊ OCA Media Manager Mr. Zhou Jian ၊ Hangzhou Asian Game Organizing Committee member Mr. Ding Jiong ၊ အားကစားနှင့်ကာယပညာဦးစီးဌာန တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြပါသည်။

ပထမဦးစွာ(၁၃)နှစ်အထက်အမျိုးသား (၁.၄ ကီလိုမီတာ)အပြေးပြိုင်ပွဲကို သေနတ်ပစ်ဖောက်၍ စတင်တာလွှတ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ယဉ်ကျေးမှုသံမှူး Mr. Peng Fong ၊ အားကစား နှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ OCA Media Manager Mr. Zhou Jian ၊ Hangzhou Asian Game Organizing Committee member Mr. Ding Jiong တို့သည် ပြိုင်ပွဲဝင်အားကစားသမားများနှင့်အတူပါဝင်ဆင်နွှဲခဲ့ပါသည်။

ဆက်လက်၍ (၁၃)နှစ်အထက် အမျိုသမီး (၁.၄ ကီလိုမီတာ)အပြေးပြိုင်ပွဲ၊ (၁၃)နှစ်အောက် မီတာ (၄၀၀) အမျိုးသား/ အမျိုးသမီး အပြေးပြိုင်ပွဲနှင့် မီတာ(၁၀၀)မသန်စွမ်း အမျိုးသား/အမျိုးသမီး အပြေးပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ပြီး ပန်းဝင်လာသော အားကစားသမားများအား ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ လာရောက်ကြည့်ရှုအားပေးသည့် မိဘပြည်သူများက အားပေးကြိုဆိုခဲ့ကြပါသည်။

ထိုနောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲအသီးသီးတွင် ပထမမှ ဒဿမ အထိ ဆုရရှိသည့်အားကစားသမားများအား ဆုများချီးမြှင့်ရာ (၁၃)နှစ်အထက်အမျိုးသား (၁.၄ ကီလိုမီတာ)အပြေးပြိုင်ပွဲတွင် ဆုရရှိသော အားကစားသမားများအား Hangzhou Asian Game Organizing Committee member Mr. Ding Jiong က လည်းကောင်း၊ (၁၃)နှစ်အထက် အမျိုသမီး (၁.၄ ကီလိုမီတာ)အပြေးပြိုင်ပွဲ တွင် ဆုရရှိသောအားကစားသမားများအား OCA Media Manager Mr. Zhou Jian ကလည်းကောင်း၊ (၁၃)နှစ်အောက် မီတာ (၄၀၀) အမျိုးသား အပြေးပြိုင်ပွဲတွင် ဆုရရှိ သော အားကစားသမားများအား အားကစား နှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ကလည်းကောင်း၊ (၁၃)နှစ်အောက် မီတာ (၄၀၀) အမျိုးသမီး အပြေးပြိုင်ပွဲတွင် ဆုရရှိ သော အားကစားသမားများအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ ယဉ်ကျေးမှု သံမှူး Mr. Peng Fong ကလည်းကောင်း၊ မသန်စွမ်းအမျိုးသား/အမျိုးသမီး မီတာ(၁၀၀) အပြေးပြိုင်ပွဲ တို့တွင် ဆုရရှိသော အားကစားသမားများနှင့် အသက်အငယ်ဆုံး ပါဝင်ယှဉ်ပြိုင်ခဲ့သည့် သက်ထားစံ (၆)နှစ်အား အထူးဆုတို့ကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်ကလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ပေးခဲ့ပြီးနောက် ဆုရအားကစားသမားများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်းသိရှိရပါသည်။