အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

19th ASIAN Games ပြိုင်ပွဲ Promotion အနေဖြင့် မြန်မာနိုင်ငံ၌ ASIAN Games Fun Run ပြိုင်ပွဲကျင်းပရေးနှင့်စပ်လျဉ်း၍ Press Conference ကျင်းပ

ရန်ကုန်၊ မတ်(၉)။

၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၂၃)ရက်နေ့မှ အောက်တိုဘာလ (၈)ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Hangzhou မြို့ တွင် ကျင်းပပြုလုပ်မည့် 19th ASIAN Games ပြိုင်ပွဲ Promotion အနေဖြင့် Olympic Council of Asia မှ ကြီးမှူး၍ ASIAN Games Fun Run ပြိုင်ပွဲအား အာရှဒေသတွင်း နိုင်ငံအသီးသီး၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မြန်မာနိုင်ငံတွင်လည်း ၁၀.၃.၂၀၂၃ ရက်နေ့၌ ကျင်းပမည်ဖြစ်သည့်အတွက် အဆိုပါ Fun Run နှင့်စပ်လျဉ်းသည့် Press Conference ကို ယနေ့ ညနေ (၃)နာရီအချိန်တွင်

သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ၊ OCA Media Manager Mr. Zhou Jian ၊ Hangzhou Asian Game Organizing Committee member Mr. Ding Jiong ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရုပ်သံဌာနများ၊ မြန်မာ့အလင်း၊ ကြေးမုံ၊ မြဝတီသတင်းစာမှ မီဒီယာအဖွဲ့များ တက်ရောက်ခဲ့ကြပါသည်။

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး မှ အဖွင့်အမှာစကားပြောကြားရာတွင် 19th ASIAN Games Promotion အနေဖြင့် Fun Run အပြေးပြိုင်ပွဲကို မြန်မာနိုင်ငံတွင်လည်း ၁၀.၃.၂၀၂၃ ရက်နေ့ ၊ နံနက်(၈)နာရီအချိန်အတွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ကျိုက္ကဆံအားကစားကွင်းအတွင်းရှိ ပြေးခုန်ပစ်ကွင်း၌ (၁၃)နှစ်အောက်မီတာ (၄၀၀)အပြေးပြိုင်ပွဲနှင့် (၁၃)နှစ်အထက် (၁.၄ ကီလိုမီတာ) စုပေါင်း အပြေးပြိုင်ပွဲ ၊ မသန်စွမ်းသူများအပြေးပြိုင်ပွဲဟူ၍ ပြိုင်ပွဲများ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ပထမဦးဆုံးပန်းဝင်သူ (၁)မှ (၁၀)အထိအား ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ၊ ASIAN Games Fun Run ပြိုင်ပွဲကျင်းပပေးခြင်းဖြင့် ASIAN Games အကြောင်း ပြည်သူများအကြား ပိုမိုသတိထားမိစေမှာဖြစ်ပါကြောင်း၊ Fun Run ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဌာန၊ အခြေခံပညာဦးစီးဌာနတို့ကလည်း ပူးပေါင်းဆောင်ရွက်ပေးတာဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ OCA Media Manager Mr. Zhou Jian က ပြောကြားရာတွင် 19th ASIAN Games Fun Run ကို အာရှအိုလံပစ်ကောင်စီ၏ လမ်းညွှန်ချက်ဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ပါကြောင်း ၊ Fun Run ပြိုင်ပွဲများ ကျင်းပပြုလုပ်ခြင်းဖြင့် အများပြည်သူများအကြား အားကစားကို ပိုမိုသိမြင်လာပြီး ၊ အာရှနိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှုလည်း ရရှိနိုင်မှာဖြစ်ပါကြောင်း၊ မနက်ဖြန်ကျင်းပမည့် Fun Run ပြိုင်ပွဲ၌ ဌာနဆိုင်ရာများ၊ ပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူများ ပူးပေါင်းပါဝင်ကြသည့်အတွက် အလွန်ဝမ်းသာဂုဏ်ယူပါကြောင်း၊ Fun Run ပြိုင်ပွဲကျင်းပပြုလုပ်နိုင်ရေးအတွက် ကူညီပံ့ပိုးပေးသော မြန်မာနိုင်ငံအိုလံပစ်ကော်မတီနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနကိုလည်း များစွာကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့ပါသည်။

ထိုနောက် Hangzhou Asian Game Organizing Committee member Mr. Ding Jiong က ပြောကြားရာတွင် 19th ASIAN Games ပြိုင်ပွဲကြီးကို ၂၀၂၂ခုနှစ်တွင် ကျင်းပရမှာဖြစ်သော်လည်း ကိုဗစ်-၁၉ ရောဂါကြောင့် ရွှေ့ဆိုင်းခဲ့ရသည့် အတွက် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၂၃)ရက်နေ့မှ အောက်တိုဘာလ (၈)ရက်နေ့အထိ Hangzhou မြို့တွင် ကျင်းပပြုလုပ်မှာဖြစ်ပါကြောင်း ၊ ပြိုင်ပွဲကြီးအတွက် ဘက်ပေါင်းစုံမှ ကြိုတင်ပြင်ဆင်မှုများကိုလည်း (၁၀၀%) ပြီးစီး၍ ပြိုင်ပွဲကျင်းပရန် အဆင်သင့်ဖြစ်နေပြီဖြစ်ပါကြောင်း၊ ပြိုင်ပွဲအောင်မြင်စွာကျင်းပရေးအတွက် အားကစားရုံ (၅၆)ရုံအား ပြန်လည်မွမ်းမံ၍ အားကစားရုံသစ် (၇)ခု တည်ဆောက်ထားပါကြောင်း၊ အားကစားရွာကိုလည်း တည်ဆောက်ပြီးဖြစ်ပြီး လာရောက်ကြမည့် နိုင်ငံအသီးသီးမှ အားကစားအဖွဲ့များ အဆင်ပြေစေရေးအတွက် တက္ကသိုလ်နှင့်ကောလိပ် ကျောင်းသား/ကျောင်းသူများ ပါဝင်တဲ့ Volunteer (၃၈၀၀၀) စီစဉ်ထားရှိပါကြောင်း၊ 19th ASIAN Games Mascot ကို Hangzhou မြို့ရှိ ရှေးနှစ်ပေါင်း (၅၀၀၀) ကျော်က သမိုင်းဝင် အထင်ကရနေရာများကို ကိုယ်စားပြုသည့်အနေဖြင့် ကျောက်စိမ်းကို ကိုယ်စားပြုသည့် CONG CONG ၊ သမိုင်းဝင်ရေကန်ရှိ ကြာရွက်ပုံဆောင်းထားသည့် LIAN LIAN ၊ ရှေးဟောင်းတူးမြောင်းနှင့် တံတားကို ကိုယ်စားပြုသည့် CEN CEN ဟူ၍ လုပ်ဆောင် ထားခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသည့် ရုပ်သံနှင့်စာနယ်ဇင်းမှ သိလိုသည်များအား မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ပါသည်။

ယင်းနောက် အမှတ်တရ လက်ဆောင်ပစ္စည်းများအား အပြန်အလှန်ပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရှိရသည်။